မြန်မာ့မီးရထားမှ ပထမဆုံး တည်ဆောက်သော အမိုးဂုံးတံတားသစ်ကြီး




မြန်မာ့မီးရထားမှ ပထမဆုံး တည်ဆောက်သော အမိုးဂုံးတံတားသစ်ကြီး

ဇွန်၂၆ ။ စာရေးသူ မကွေးမြို့မှ အထက်မင်းလှမြို့ သို့သွားခဲ့၏။ မင်းလှမရောက်မီ (၃)မိုင်ခွဲအလို ချောင်းကောက် တံတား(ကားလမ်း) နှင့်အပြိုင်တွင် လှပတင့်တယ်စွာဖြင့်ပြီးစီးနေသော မီးရထားလမ်းမှ အမိုးဂုံးတံတား အသစ်ကြီးအား မြင်တွေ့ခဲပါသည်။ မြန်မာပြည်အတွင်း မီးရထားလမ်းများမှာ တစ်ခါမှ မမြင်ဘူးခဲ့သော အမိုးဂုံးတံတားကြီးဖြစ်၍ မေးမြန်းပြီး သတင်းဓာတ်ပုံရိုက်ခဲ့မိပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌါန မြန်မာ့မီးရထားအနေဖြင့် မြန်မာပြည်အတွင်းမှာ ရထားလမ်းကွန်ယက်များ ပေါ်ပေါက်လာစေရန် ရထားလမ်းစီမံကိန်းများ ဖြင့်ဆောင်ရွက်နေကြောင်းသိရှိရ၏။ ယခု ရထားလမ်းမှာ ဧရာဝတီမြစ်၏ အနောက်ဘက်မှ ကြံခင်း- ပခုက္ကူရထားလမ်း စီမံကိန်းဟု သိရပါသည်။ ယင်းအမိုးဂုံး တံတားသစ်ကြီးမှာ အထက်မင်းလှ နှင့် မင်းဘူးမြို့ မီးရထားလမ်း စီမံကိန်းအတွင်း မှာတည်ဆောက်ထား၏။ ရထားလမ်း စီမံကိန်း၏ အခေါ်မှာ( ညောင်ပင်သာ အမိုးဂုံးတံတားကြီး)ဟု ဆိုကြ၏။ ၎င်းတံတားကြီးအား မြန်မာ့မီးရထားမှ အင်ဂျင်နီယာများကိုယ်တိုင် ပုံစံထုတ်၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရ၏။ ဤ တံတားပုံစံ၊နည်းပညာများဖြင့် တည်ဆောက်ထားသော (အမိုးဂုံးတံတားကြီး) သည် မြန်မာပြည်အတွင်း ပထမဆုံး အကြိမ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ၏။ ကြံခင်း- ပခုက္ကူ ရထားလမ်းစီမံကိန်းကြီးသည် (၂၀၁၁)ခု မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း၊ မြန်မာ့မီရထား အင်ဂျင်နီယာများမှ သတ်မှတ်ရက်ထက်စော၍ပြီးစီးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြကြောင်း စုံစမ်းသိရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၉-၆-၂၀၁၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: