မကွေးမြို့ စက်သုံးဆီအရောင်းဆိုင်အား Green Luck Trading Co., Ltd ပုဂ္ဂလိကပိုင် အရောင်းဆိုင်မှ စတင်ရောင်းချနေပြီ..




မကွေးမြို့ စက်သုံးဆီအရောင်းဆိုင်အား Green Luck Trading Co., Ltd
ပုဂ္ဂလိကပိုင် အရောင်းဆိုင်မှ စတင်ရောင်းချနေပြီ..
မကွေး ဇွန်၁၆ ရက်။ စွမ်းအင်ဝန်ကြီးဌါနမှ ဖွင့်လှစ်ခဲ့သော မကွေမြို့ စက်သုံးဆီဆိုင်အမှတ်(0342-မကွေးဆိုင်) အား (၁၀-၆-၂၀၁၀) နေ့တွင် ပုဂ္ဂလိပိုင်ဖြစ်သော (Green Luck Trading Co., Ltd) ကုမ္ပဏီမှ လက်ခံဖွင့်လှစ်၍ ဒီဇယ်၊ဓာတ်ဆီများကို စတင်ရောင်းချကြောင်း သတင်းရရှိပါသည်။ ဓာတ်ဆီ တစ်ဂါလံလျှင်(၂၅၀၀)ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင်(၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် နေ့စဉ် (နံနက် ၇ နာရီမှ ၁၁ နာရီ) နေ့လည်( ၂ နာရီမှ ညနေ ၆ နာရီအထိ) ဖွင့်လှစ်ကြောင်းသိရ၏။ ဓာတ်ဆီကားများအား ကားတစ်စင်းလျှင် (၁၀)ဂါလံနှုန်းဖြင့် မောင်းတိုင်ကီအတွင်းသာ ထည့်ပေးရောင်းချနေကြောင်း၊လာယောက်ဆီထုတ် သော ကားများသည် နေ့စဉ်ဤကားများသာ ဖြစ်ကြောင်း၊ယင်းကားများသည်ဘယ်မှ ခရီမထွက်ပဲ နေ့စဉ်လာရောက်ဆီထုတ်၍ ရောင်းစားနေတဲ့ကားများဖြစ်ကြောင်း ကြားသိရပါသည်။ အမှန်တစ်ကယ်အသုံးပြုလိုသောကားများမှာ တန်းစီရန် အချိန်မပေးနိုင်ကြောင်း ဆရာဝန်တစ်ဦးမှ ပြောဆိုသံကြားခဲ့ရပါသည်။ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပါ/မပါ စစ်ဆေးခြင်းမရှိပဲ ယခင်ကလို ပုံးများဖြင့်(၁)ဂါလံနှုန်း ရောင်းချပေးနေကြောင်း၊ ဓာတ်ဆီစာအုပ်များ မလိုကြောင်း၊ ဆိုင်ကယ်တွေစနစ်တကျ တန်းစီ မခိုင်းပဲ လူများဖြင့်သာတန်းစီ၍ လူတစ်ယောက်လျှင်(၁)ဂါလံ နှုန်းဖြင့်သာရောင်းချပေးနေကြောင်း မြင်တွေ့ခဲ့ရပါ သည်။ ဆီများခြင်တွယ်ရာ တွင်လည်း ဂါလံခွက်များဖြင့်သာ ခြင်တွယ်ရောင်းချနေ ကြောင်းမြင် တွေ့ခဲ့ရပါသည်။ဆီပန့်များ အသစ်တပ်ဆင် ရန် ရောက်ရှိနေသော်လည်း တပ်ဆင်အသုံးပြုနိုင်ခြင်း မရှိသေးကြာင်း မြင်တွေ့ခဲ့ပါ၏။ တစ်ရက်လျှင် ဓာတ်ဆီဂါလံ(၃၀၀၀)ခန့်ရောင်းချပေးကြောင်း ဆိုင်ဝန်ထမ်းတစ်ဦးကဆိုပါ၏။ ဓာတ်ဆီများကိုသာ တန်းစီတိုး၍ထုတ်ယူနေကြကြောင်းမြင်တွေ့ခဲ့ရပါသည်။ ဓာတ်ဆီဈေး မှာ အပြင်တွင်တစ်ဂါလံ(၃၀၀၀)ကျပ်ဖြင့် ပြန်လည်ဝယ်ယူ နေကြသည်ဟု သိရှိရပါသည်။ ပြင်ပမှ မှောင်ခိုရောင်းချနေကြသော ဆီကုန်သည်တစ်ချို့က တပည့်များဖြင့် အုပ်စုဖွဲ့၍ တန်းစီထုတ်ယူ နေကြောင်း ကြားသိခဲ့ရပါသည်။ အမှန်တစ်ကယ် အသုံးပြုလိုကြသော ကျောင်းသူ ကျောင်းသားများ၊ ၀န်ထမ်းများမှာ အချိန်မပေးနိုင်ကြ၍ တန်းစီပြီးမတိုးနိုင်ကြောင်းပြောဆိုသံကြား ခဲ့ရပါ သည်။ ဒီဇယ်ဈေးမှာ ပြင်ပဈေးထက် ဈေးကြီးနေ၍ ထုတ်ယူသူနည်းနေကြောင်း၊ လိုင်းကားများသာ လာရောက်ထုတ်ယူ ကြောင်းမြင်တွေ့ခဲ့ရပါ၏။ ဤ ဈေးနှုန်းများဖြင့် (၂) လသာရောင်းချပေးမည်ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။
ဤဈေးနှုန်းများဖြင့် ရောင်းချနေသော ကာလအတွင်း အမှန်တစ်ကယ်အသုံးပြုလိုကြသော အများပြည်သူများထံ ရောက်ရှိအောင် ရောင်းချပေးနိုင်စေသော နည်းစနစ်ကို သက်ဆိုင်ရာမှ အထူးကြပ်မတ်လမ်း ညွှန်သင့်ကြောင်း၊ ဆီတန်းစီသူများ၏ညီးထွားသံများကို ကြားသိ မြင် တွေ့ခဲ့ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

0 comments: