မကွေးမြို့ မှ ရွှေပြည်စိုးစာပေ၏ ဂျာနယ်ဈေးကွက်


မကွေးမြို့ မှ ရွှေပြည်စိုးစာပေ၏ ဂျာနယ်ဈေးကွက်
ဇွန် ၁၆။ မကွေးမြို့ပေါ်တွင် ရွှေပြည်စိုးစာပေ၊ လောကစာပေ (၁)(၂)(၃)၊ ကနောင်စာပေ၊ မျိုးဆက်သစ်စာပေ၊ ရွှေပျိုးခင်းစာပေ စသော စာအုပ်ဖြန့်ချိရေးအရောင်းဆိုင်ကြီးများ ရှိကြပါသည်။ ယင်းဆိုင်များထဲတွင် ဂျာနယ်များကို အများဆုံးအားထား၍ ရောင်းချဖြန့်ချိသော ဆိုင်မှာ(အမှတ် ၆၁-၆၂-၆၃) ပြည်တော် သာလမ်း၊ ဈေးရပ်ကွက်မှ (ရွှေပြည်စိုးစာပေ) သို့ရောက်ခဲ့ပါ၏။ဆိုင်ပိုင်ရှင် ကိုတိုး+မမာမာ တို့ ကို သူတို့ဆိုင်မှ ဂျာနယ်ရောင်းရသော စောင်ရေစာရင်းများအား မေးမြန်းကြည့်ပါသည်။ ဘောလုံးပွဲ ရာသီဖြစ်၍ အားကစားဂျာနယ်များကို စတင်မေးခဲ့၏။ နောက် အခြားဂျာနယ်များစာရင်းနှင့် လျှပ်တစ်ပြက် ဂျာနယ်၊ မော်နီတာ ဂျာနယ်များ၏ စောင်ရေစာရင်းကိုလည်းမေးမြန်းကြည့်၏။ မော်နီတာဂျာနယ်ကို လျှပ်တစ်ပြက်ဂျာနယ်ထက် လူကြိုက်ပို၍များနေကြောင်း ကြားသိရပါသည်။
(1) Weekely Elven (450) စောင်။ သတင်းဂျာနယ်
(2) Fiast Elven (350) ။ အားကစားဂျာနယ်
(3) Forever (350) ။ ။
(4) 7 Day News (350) ။ သတင်းဂျာနယ်
(5) No.1 (250) ။ အားကစားဂျာနယ်
(6) အင်အား (250) ။ အားကစားဂျာနယ်
(7) Premier Eleven (330) ။ အားကစားဂျာနယ်
(8) Sport Time (150) ။ အားကစားဂျာနယ်
(9) Inside (120) ။ အားကစားဂျာနယ်
(10) First Line up (20) ။ အားကစားဂျာနယ်
(11) မော်ဒန် (300) ။ သတင်းဂျာနယ်

(12) Bi Weekely (140) ။ သတင်းဂျာနယ်

(13) လျှပ်တစ်ပြက်ဂျာနယ် (70) ။ သတင်းဂျာနယ်

(14) မော်နီတာဂျာနယ် (80) ။ နိုင်ငံရေးဂျာနယ်
(15) Internet (160) ။
(16) Net Guide (60) ။
အခြား(၁၀) စောင်နှင့်အောက် ဂျာနယ်များစာရင်းအား မပေးလိုကြောင်း ဆိုင်ရှင်မှ ပြောကြား၏။ ရွှေပြည်စိုးစာပေသည် ဂျာနယ်၊မဂ္ဂဇင်း၊၀ထ္ထု၊ သုတ၊ရသ၊ ဘာသာရေးစာအုပ်များ စာအုပ်အမျိုးပေါင်း စုံလင်စွာ တင်ထားကြောင်းမြင်တွေ့ခဲ့ပါသည်။ယင်းဆိုင်သည် စာနယ်ဇင်းလောကမှ ဂျာနယ် သ တင်းသမားများ နံနက်တိုင်း စုဝေးရာ ဌါနကြီးတစ်ခု ဟုဆိုလောက်ပါပေသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့ မှ ရွှေပြည်စိုးစာပေ၏ ဂျာနယ်ဈေးကွက် ini dipublish oleh shwelannwelanwinkyi pada hari Wednesday, June 16, 2010. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့ မှ ရွှေပြည်စိုးစာပေ၏ ဂျာနယ်ဈေးကွက်
 

0 comments: