` ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သရက်မြို့မှ (၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ´

သရက်မြို့၊အထက(၁) စိန်ရတုခမ်းတွင် အောက်တိုဘာ(၅)ရက် နံနက်(၈း၃၀)နာရီမှာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်(၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီး ကျင်းပကြောင်း သတင်းရရှိသည်။ ၎င်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ၀န်ကြီး ဦးကြည်မင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးတို့မှ ကမ္ဘာ့ ဆရာများနေ့အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အာစရိယ ဆရာ၊ဆရာမကြီးများ(၁၄၃)ယောက်တို့အား ကန်တော့ချိုးဖြင့်ကန်တော့၍ အလှူငွေများနှင့် ပူဇော်ကြသည်။ ကန်တော့ခံ ဆရာကြီး ဦးတင်ရွှေနှင့် ဆရာမကြီး ဒေါ်ကြည်တို့ မှ ဆုတောင်းမေတ္တာပို့သပေးကြသည်။ ၎င်းအခမ်းအနားတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး ဆုရသူ ဆရာ ဆရာမများနှင် ကျောင်းသူ ကျောင်းသားများအား ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် ဆုများကို သက်ဆိုင်ရာတာဝန်ရှိသူများမ ဆုများ အသီးသီးချီးမြှင့်ကြောင်း မြန်မာပို့စ် မှ သတင်းရယူခဲ့သည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: