မကွေးမြို့တွင် အနယ်နယ်မှ (လူစိမ်း)အမျိုးသား အမျိုးသမီး ဒုစရိုက်သမားများကြောင့် ဤကဲ့သို့အဖြစ်မျိုး မကြားစဖူး ကြားသိနေကြ၍ အများပြည်သူများအနေဖြင့် လုံခြုံရေးအား အထူးသတိထားသင့်ပေသည်။ မကွေးမြို့၊ အမှတ်(၂)စခန်းတွင် (၁၀)ကျောင်းသူတစ်ဦး မမေသဇင်သက်(၁၅-၉-၂၀၁၂)နေ့နှင့် (၂၉-၉-၂၀၁၂)နေ့တွင် အမျိုးသမီးငယ်တစ်ဦး မ……..တို့ ပျောက်သွားကြောင်း လူပျောက်အမှုဖွင့်လှစ်တိုင်ကြားထားရာတွင် (၁၀)တန်းကျောင်းသူလေးမှာ ယနေ့အထိ သတင်းမရပါ။ အမျိုးသမီးငယ် တစ်ဦးသာ တရုပ်ပြည်နယ်စပ်မှ ပြန်လည်ဖမ်းဆီး၍ ရောက်ရှိလာကြောင်း၊၎င်းအမျိုးသမီးငယ်အား ခေါ်ဆောင်သွားသော ရပ်ကွက်တွင်းလာရောက်ဌါးနေသော ဧည်သည် အမျိုးသမီးနှစ်ဦးတို့မှာ ဗိုနေမြဲ ကျားနေမြဲ ဖြင့်ရှိနေကြောင်း၊ ထို့ကြောင့် ကျမသမီးလိုမဖြစ်စေရအောင် မိဘ၊ဆရာသမား များလည်း လုံခြုံရေးအထူးသတိထားကြ စေလိုကြောင်း ၎င်းအမျိုးသမီးငယ် ၏ မိခင်ဒေါ်ကြည်မှ(၆-၁၀-၂၀၁၂)နေ့မှာ မြန်မာပို့စ်သို့ လာရောက်ပြောပါသည်။
မြန်မာပို့စ် အတွဲ(၄) အမှတ်(၂၉)တွင်ဖော်ပြထားပါသည်။
0 comments:
Post a Comment