`မီးလောင်ပြီးသော ပိတောက်ပင်ရေနံမှော်တွင်း၌ ရေနံသိုလှောင်ရုံဂိုဒေါင်အား လူတစ်စုမှ ၀င်ရောက်အကြမ်းဖက်၍ ဖျက်ဆီး လုယှက်မှုဖြစ်´

အောက်တိုဘာ(၇)ရက်ည(၉း၃၀)အချိန်ခန့်တွင် ပိတောက်ပင်ရေနံမှော် `ရွှေရာသီကုမ္ပဏီပိုင်´ ရေနံလက်ယက်တွင်း လုပ်ငန်းမှ ရေနံစိမ်း သိုလှောင်ရုံအား လူတစ်စု(၆၀)ခန့်က အကြမ်းဖက်ဝင်ရောက်လုယှက်ကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီကယ်ရီသည်ယူရောင်းချနေသူ (၄)ဦး၏ (၅)ဂါလံဝင် (၆)ပုံးအား ရွှေရာသီကုမ္ပဏီ လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးမှုက စတင်သည်ဟု ဆီသည်သူတစ်ဦးက ပြောသည်။ သက်ဆိုင်ရာ လူကြီးများနှင့် ညှိနှိုင်း၍ ၎င်း ဆီ(၆)ပုံးအား ပြန်ပေးသော်လည်း အဖမ်းခံရသူ(၄)ဦးမှ မကြေနပ်၍ လူစုပြီး ရွာသား(၆၀)ခန့်က ခဲများ တုတ်များဖြင့် ပြန်လည် ပစ်ခတ် ထုရိုက်ကြပြီး တုန့်ပြန်သည်ဟု သိရသည်။ ၎င်း အကြမ်းဖက်မှုဖြစ်ပွားမှုကြောင့် ရေနံသိုလှောင်ရုံအနီး ဘောလုံးကွင်းထဲရှိ ကုမ္ပဏီပိုင် နံပါတ်မပါ ထော်လာဂျီတစ်စီးအား တွန်းလှဲဖျက်စီးခြင်း။ နီးဆန်း ဆီဘောက်ဆာ ကားတစ်စီး ရှေ့မှန်ကွဲသွား၍ ဖန်ချောင်း(၇)ချောင်းကွဲသွားခြင်း တို့ဖြစ်ကြောင်း၊ ယင်းသို့ အကြမ်းဖက်မှုအား သက်ဆိုင်ရာလုံခြုံရေး အဖွဲ့များ၊ သရက်ခရိုင်ရဲတပ်ဖွဲ့ဝင်များမှ လူစုခွဲ၍ တားဆီနိုင်လိုက်ကြောင်း၊ လူတစ်ဦးတစ်ယောက်မျှ ထိခိုက် ဒါဏ်ရာရရှိခြင်းမရှိဟု ဆို၏။ ကာလတန်ဘိုး ကျပ်ငွေ တစ်သိန်းကျော်ဘိုးခန့် ပျက်စီး ဆုံးရှုံးသွားသည်ဟုသိရသည်။ ယင်းအကြမ်းဖက်မှုအား အမှုမှန်ပေါ်ရေးအတွက် သက်ဆိုင်ရာမှ ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက်နေကြောင်း မဇ္စမ သို့ ရေနံမှော်တွင်းရောက် သတင်းသမားတစ်ဦးမှ သတင်းပို့ပြောသည်။
 

0 comments: