`မကွေးမြို့နယ်NLD ရုံးတွင် NLD မြို့နယ်လူငယ်ကွန်ယက်ဖွဲ့စည်းရန် အင်အားစုဆောင်း ဟု သိရ´

ဇန်န၀ါရီ(၂၉) နံနက်(၁၁)နာရီမှ စ၍ မကွေးမြို့နယ်NLD ရုံးတွင် မြို့နယ်လူငယ်ကွန်ယက်ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ ၎င်းနေ့တွင် မကွေးမြို့နယ်NLD ရုံး၌ မကွေးတိုင်းဒေသကြီး NLD ညီလာခံအဖွဲ့ အစည်းအဝေးလည်း ရှိကြောင်း သိရသည်။ ထို့ကြောင့်NLD မကွေးမြို့နယ်လူငယ်ကွန်ယက် ဖွဲ့စည်းခွင့်တောင်းခံ ကြောင်းသိရသည်။ ၎င်း ဖွဲ့စည်းရေးအတွက် ရန်ကုန်မြို့NLD(ဗဟို)လူငယ်ကွန်ယက် မှ ဦးမောင်မောင်ဦး နှင့် ဦးအေးထွန်း တို့ နှစ်ဦးမှ ဦးဆောင် ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ မကွေးမြို့နယ် NLD လူငယ်ကွန်ယက် ဖွဲ့စည်းရန်အတွက် အဆိုပြုလွှာများပေးထား ခဲ့ကြောင်း၊ လူငယ်အင်အားများစုဆောင်းပြီးလျှင် (ဗဟို) မှ လာရောက်၍ ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းလူငယ်ကွန်ယက်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသော NLD မကွေးမြို့နယ် လူငယ်ကွန်ယက် အစည်းအဝေးတွင် ကြိုတင်သိရှိ ဖိတ်ကြားထားခြင်းမရှိ၍ တယ်လီဖုန်းဖြင့် ဖိတ်ကြားရကြောင်း၊ လူငယ်(၂၀)ဦးခန့်သာတက်ရောက်ကြောင်း NLDလူငယ် ကိုဦးမှ မြန်မာပို့စ် သို့ပြောကြားသည်။
 

0 comments: