`မကွေးမြို့တွင် လျှပ်စစ်မီးများ အချိန်ပြည့်မရတော့ပါ၊

`မကွေးမြို့တွင် လျှပ်စစ်မီးများ အချိန်ပြည့်မရတော့ပါ၊ နံနက်(၅နာရီ မှ ညနေ(၅)နာရီအထိ (၃)နာရီခြား၍ ABC (၃)အုပ်စုခွဲ၍ အလှည့်ကျ မီးဖြတ်မည် ဟု သိရ´ ဇန်န၀ါရီလဆန်းမှ စ၍ မကွေးမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ဖြတ်တောက်မှုများရှိလာကြောင်း ကြားသိရသည်။ ဤ သို့ဖြစ်၍ မြန်မာပို့စ် က ဇန်န၀ါရီ(၂၅)ရက်နေ့တွင် မကွေးမြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာန (မီးပြတ်လျှင်တိုင်ကြားရာဌာန) သို့သွားရောက်သို့ မေးမြန်းခဲ့ရာ.. ``ဇန်န၀ါရီ(၂၄)ရက်နေ့ကစပြီး မကွေးမြို့မှာ အလှည့်ကျ (၃)နာရီတစ်ကြိမ် တစ်အုပ်စုဖြတ်ပါ့မယ်၊ အုပ်စုသုံးစု ခွဲပြီးဖြတ်ပါတယ်။ A,B,C အုပ်စုဘဲဆိုပါတော့၊ A အုပ်စု နံက်(၅)နာရီမှ နံနက်(၈)နာရီအထိ တစ်ကြိမ်။ B အုပ်စု နံနက်(၈)နာရီက နေ့လည်(၁၁)နာရီထိ တစ်ကြိမ်။ C အုပ်စု နေ့လည်(၁၁)နာရီက နေ့လည်(၂)နာရီထိ တစ်ကြိမ် (၃)ကြိမ် ဖြတ်ပါ့မယ်။ နေ့လည်(၂နာရီ) မှ ညနေ ၅နာရီထိကို ယနေ့A အုပ်စုက ထပ်မံဖြတ်ခံရမည်။ နောက်နေ့တွင် B C A B အုပ်စုကပြန်လှည့်ပေးပါ့မယ်၊ နေ့စဉ်အလှည့်ကျပေါ့၊ ဒါကြောင့် နံနက်(၅)နာရီမှာ စတဲ့အုပ်စုတိုင်း တစ်နေ့ကို နှစ်ခါမီးဖြတ်ခံရပါမယ်၊ နံနက်ပိုင်း(၅နာရီက ၈ နာရီ)ဖြတ်ခံရတဲ့ အုပ်စုကတော့ နေ့လည်(၂ နာရီက ၅ နာရီ)မှာ ထပ်ပြီးအဖြတ်ခံရပါ့မယ်။ ယခု အလှည့်ကျဖြတ်တဲ့ အထဲမှာ တက္ကသိုလ်တွေလည်းပါ ပါတယ်။ မနေ့က ဆေးတက္ကသိုလ်ကိုလဲ မီးဖြတ်ပါတယ်။ လျှပ်စစ်ခွဲရုံ ၀န်ထမ်းအိမ်ယာ လိုင်းလဲ မီးဖြတ်တဲ့အထဲမှာ ပါပါတယ်။ ယခု မီးဖြတ်တာက (ဖီတာလိုက်= (၁၁၀၀၀)ကေဗွီ မိန်းလိုင်းမကြီး တွေအလိုက် အလှည့်ကျ ပိတ်ပေးရတာပါ။ ဆေးရုံတို့ ရုံးပေါင်းစုံတို့ပါတဲ့လိုင်းတွေကျတော့ မိန်းလိုင်းကြီးကပိတ်မရတော့ ကျန်တဲ့လိုင်းနေရာတွေကို `ဒရန်စဖော်မာ´တွေကနေ လိုက်ပြီး ပိတ်ပေးရပါတယ်။´´ ``ညနေ(၅)နာရီက ည(၁၁)နာရီအချိန်အထိ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေကို မီးဖြတ်ပါတယ်။ ည(၁၁)နာရီကနေ နံနက်(၅)နာရီအထိကိုတော့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံကြီးတွေကို မီးဖြတ်ပါ့တယ်။ ဘယ်လောက်ကြာအောင် ယခုလို ဖြတ်မယ်ဆိုတာတော့ မသိသေးပါဘူးခင်ဗျာ..။ ယခုမီးဖြတ်တာကို အများပြည်သူသိအောင် မကြေငြာနိုင်သေးပါဘူး။ လျှပ်စစ်ဖြန့်ဖြူးရေးဌာနတွင်း အဆင့်ဆင့်ကိုသာ တင်ပြနေဆဲဖြစ်ပါတယ်။´´ ဟု မကွေးမြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာန (မီးပြတ်လျှင်တိုင်ကြားရာဌာန) မှ SAE ဦးဗိုဗို က ပြောသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `မကွေးမြို့တွင် လျှပ်စစ်မီးများ အချိန်ပြည့်မရတော့ပါ၊ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, January 29, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့တွင် လျှပ်စစ်မီးများ အချိန်ပြည့်မရတော့ပါ၊
 

0 comments: