`ပဋိုပက္ခ ဂရုပြုသတင်းရေးသားနည်း သင်တန်း(မကွေးတိုင်းဒေသကြီး) မကွေးမြို့တွင် ဖွင့်ပြီး´

၂၀၁၃ ဇန္န၀ါရီလ(၁၀)ရက် မှ (၁၂)ရက်နေ့အထိ (၃)ရက် သင်တန်းပေးသည်။ မကွေးမြို့ နတ်မောက်လမ်း မကွေးဟိုတယ် မှာ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ်(၃)ရက် သင်တန်းဖွင့်သည်။ သင်တန်းသား(၂၂)ယောက်တက်ကြ၏။ သင်တန်းဆရာများမှာ သိရိလင်္ကာ နိုင်ငံမှ မစ္စတာ ရန်ဂါ Ranga Kalansooriya(International Media Support (IMS) ၊ နေပြည်တော်တိုင်း(မ်) အယ်ဒီတာ ဦးစောလင်းအောင်၊ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဥာဏ်လင်း တို့မှ သင်ကြားပို့ချသည်။ ဤ သင်တန်းအား မြန်မာပိစ် စင်တာ (Myanmar Peace Center (MPC) စီမံကိန်း မန်နေဂျာ ဒေါ်သင်းသင်းအောင်၊ Media Office ဦးဆောင်းဦးကိုကို၊ လက်ထောက်မန်နေဂျာများဖြစ်သော ဦးရဲဝင့်လှိုင်၊ ဦးထွန်းဇာခိုင်၊ ဒေါ်မေပန်းချီ၊ နှင့် ဒေါ်သိမ့်ရည်စိုး တို့က မြန်မာပြည်အတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်ဒေသများသို့ သွားရောက်၍ မီဒီယာအဖွဲ့အစည်းများအား ကူညီပံ့ပိုး ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မြန်မာပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိုပက္ခ သတင်းများအား ရေးသားရာတွင် ၎င်းသင်တန်းသည် ၁၀၀% (ရာနှုန်း)ပြည့် အထောက်အကူဖြစ်၍ အထူး ကျေးဇူးတင်ကြောင်း သင်တန်းတက်ရောက်သူ မီဒီယာသမားများမှ ပြောဆိုနေကြသည်။ ၀ိုင်းကြည်အောင်
 

0 comments: