13-4-2010 သင်္ကသမှ နယူးဒေလီသို့









13-4-2010 သင်္ကသမှ နယူးဒေလီသို့

နံနက်(၈)နာရီမှာ သင်္ကသမှ နယူးဒေလီမြို့ ကိုထွက်ခဲ့ကြပါတယ်။ လမ်းမှာ နေ့လည်စာ ထမင်းစားကြတယ်။ သင်္ကသ နှင့် အာဂတန်မြို့ ထိ ကီလိုမီတာ (၁၅၀)ဝေးတယ်။ အာဂတန် တပ်ခ်ျမဟာ ရှေးဟောင်းပြတိုက်ကြီးကို ၀င်ကြည့်ကြတယ်။ အချိန်က နေ့လည်(၂း၃၀) နာရီခန့်ဆို တော့ တော်တော်ကို ပူကြပါတယ်။ ပြတိုက်ထဲကို မ၀င်နိုင်အောင် ခြေထောက်ပူကြတယ်။ တ၀က်လောက်ကသာ ၀င်နိုင်ကြတယ်။ ဘိနပ်မစီးရဘူး ဆိုတော့ ပိုဆိုးကြတာပေါ့။ ပြတိုက်ဝင် ကြေးက ယူပီ(၅၁၀)ပေးရပါတယ်။ ပြတိုက်က ရေဗူးတစ်ဘူးနဲ့ ဘိနပ်ကာခြေစွတ်တစ်ခု ပေးတာကို ရေဗူးသာရ၍ ဘိနပ်ခြေစွတ်များ မရကြပါ။ သူတို့ဆီကလူတွေနဲ့ လုံခြုံရေးရဲတွေက တော့ ခြေစွတ်တွေကို စွတ်ကြရတယ်။ ကျွန်တော်တို့ နီလာဘုရားဖူးအဖွဲ့က အားလုံးမရကြပါ။

TAI MAHAL ဒီ တပ်ခ်ျမဟာ ပြတိုက်ကြီးကတော့ ရှင်ဘုရင်ကြီးက သူ၏ မိဖူယားကြီးကို ချစ်လို့ ဆောက်ပေးခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင် အံ့ဖွယ်တစ်ခုဖြစ်ကြောင်းသိရပါတယ်။ တစ်နေ့လျှင် အလုပ်သမားပေါင်း (၂၀၀၀)ဦးနဲ့ နှစ်ပေါင်း လေးဆယ်ကြာအောင် ပိသုကာပညာရှင်တစ်ဦးနဲ့ တည်ဆောက်ခဲ့ကြောင်း။ အဆောက်အဦးကြီးလည်းပြီးရော ဒီပြတိုက်ကြီးကို တည်ဆောက် ပေး တဲ့ ပိသုကာပညာရှင်ကြီးကို သတ်ပြစ်လိုက်ကြောင်း ကြားသိရပါတယ်။ အဲဒီ ၀တ်ကြွေး ကြောင့်ပဲလားမသိ ရှင်ဘုရင်နဲ့ မိဖယားကြီးနှစ်ပါးဟာ မနေလိုက်ရတော့ပဲ အဲဒီ တစ်နှစ်အတွင်း မှာ နတ်ရွာစံသွားကြတယ် လို့ ယေဘူယျ ကြားသိခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ကြီးကြောင့် ယနေ့အထိ သူတို့နှစ်ဦးရဲ့ ရုပ်ကလပ်တွေကို အဲဒီ တပ်ခ်ျမဟာပြတိုက်ကြီးတဲ့မှာပဲ အုတ်ဂူနှစ်လုံးနဲ့ သင်ဂြိုလ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

တပ်ခ်ျမဟာပြတိုက်မှ နယူးဒေလီမြို့ တော်သို့ ကီလိုမီတာ(၂၅၀) ဝေးပါတယ်။ နယူးဒေလီမြို့ ဟာ အန္တိယနိုင်ငံ၏ ပထမ မြို့ တော်ပါ။ အဲဒီမြို့ သို့ ည(၉)နာရီမှ ရောက်ကြပါတယ်.။ Silver Shine Hotel မှာတစ်ည အိပ်ကြပါတယ်။ ညစာ ထမင်းကို ဟော်တယ်က ကြွေးပါတယ်။ မိသားစု စုံတွဲများ အတူတွဲ၍ အခန်းများကို နေရာချထားပေးကြပါတယ်။

မနက်ဖြန်ခရီးစဉ်အား ဆက်လက်တင်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဧပြီလ(၁၃)ရက် ည(၁၁)နာရီ ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel 13-4-2010 သင်္ကသမှ နယူးဒေလီသို့ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, April 13, 2010. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan 13-4-2010 သင်္ကသမှ နယူးဒေလီသို့
 

0 comments: