အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင် သူဌေးတို့၏ စေတနာ






9-4-2010 ရန်ကုန်

နံနက် (၆)နာရီခွဲမှ ရန်ကုန်သို့ အေးချစ်မြိုင်ကားက ၀င်ပါတယ်။(၂)နာ၇ီလောက် ဂိတ်ဝင်နောက်ကျတာပေါ့။ အဌါးကားကို (၂)ဦးစပ်ပြီး (၃၀၀၀)ကျပ်နဲ့ CITY STAR RESTAURANT (HOTEL YANGON)သို့ နံနက်(၇း၃၀)နာရီရောက်ပါတယ်။ အခန်းနံပါတ် (၇၀၇) အလွှာ(၇)ထပ်မှာ နေရာချထားပေးတယ်။ အဲ ကားက နောက်ကျရတဲ့အထဲမှာ ဟော်တယ်ကလဲ အခန်းသန့််ရှင်းရေးဆိုပြီး (၄၅)မိနစ်စောင့်ပေးရသေး။ တော်တော်စိတ်တို ရတယ်လေ။အခန်းမှာ နေရာချ၊ မျက်နှာသစ်ပြီတာနဲ့ ဦးကျော်ဌေး။ ကိုအောင်ခိုင်ဝင်း၊ ကိုဝင်းမင်း တို့က နံနက်စာ ဟော်တယ်မှာစားရန် လာခေါ်ကြတယ်။ အားရ ပါးရ စားကြရ။ ထမင်းကြော်၊ ကြက်ဥကြော်၊ ခေါက်ဆွဲကြော်၊ ချိုချင်ကြော်၊ ဟင်းချို များကိုစားကြရပါတယ်။ ကောင်းတယ်။
နံနက်ပိုင်း ဦးကျော်ဌေး(မုံရွာ)၊ ကိုအောင်ခိုင်ဝင်း(တောင်ကြီး)၊ ကိုဝင်းမင်း(နေပြည်တော်)၊ ကိုယ်စားလှယ်တော်ကြီးများနဲ့ မိုးယံပင်ရင်း ထီဆိုင်ကြီးသို့သွားကြတယ်။ မဝေမွန်(နယ်ပို့ မန်နေဂျာ)အဖွဲ့နဲ့တွေ့ဆုံကြပါတယ်။ ဖော်ရွေကျပါတယ်။ ဧည့်ဝတ်ကျေပွန်ကြပါတယ်။ ဦးကျော်ဌေး (၂၅၅)ကြိမ် သိန်းတစ်ထောင် ဂုဏ်ပြုပွဲကိစ္စ အဓိကထား၍ တိုင်ပင်ပြော ဆိုကြတယ်။ အင်း နယ်ပို့ရန်အမှာ ၀ှိက်ဘုတ်ပေါ်မှ စာတမ်းကြောင့် ကျွန်တော်စိတ်ထိခိုက်ရပါ တယ်။ စာတမ်းက( ကိုသန့််ဇင်ဝင်း(မကွေး) ထီပို့ရန် ထိပ်တန်းကားဂိတ်မှ ပို့ပေးရန်ဖြစ်သည်၊) တဲ့။ ထီလောကမှာ မိုးယံမကွေးပင်ရင်း ဦးဝင်းကြည်ခေါ် ကျွန်တော့်ကို ရွှေမြန်မာထီကိုယ်စား လှယ်တော် ကိုသန့်စင်ဝင်းအား အနိုင်ပေးလိုက်တဲ့ပွဲပါ။
နေ့လည်ထမင်းကို မဝေမွန်တို့ အဖွဲက (၃၇)လမ်း(အနော်ရထာလမ်းနှင့် ကုန်သည်လမ်းကြား) က အောင်သုခ ထမင်းဆိုင်မှာ လိုက်၍ ကြွေးကြပါတယ်။ စီတီးစတား ဟော်တယ်မှ (၃၇)လမ်း
သို့ (ကားသုံးစီး)ဌါးသွားရတယ်။ ပထမ ကားမှာ ကိုဝင်းမင်းမိခင်များ၊ မဝေမွန်တို့နှစ်ဦးပါတယ်။ ဒုတိယကားမှာ ဦးကျော်ဌေး၊ ကိုအောင်ခိုင်ဝင်း၊ ကိုဝင်းမင်းတို့အဖွဲ့လိုက်ပါကြတယ်။ တတိယကားမှာ ဦးကျော်ဌေးရဲ့ ဇနီးအဖွဲ့နှင့် မစီတို့ပါတယ်။ နောက်ဆုံးကားမှာ ဆိပ်ကမ်းသာ လမ်းထိ မှားရောက်သွားတယ်။ ဖုန်းဆက်ခေါ်တယ်။ ကားတစ်စင်းဝင်လာလို့ တစ်ခြားအဖွဲ့ကို လူမှားပြီးခေါ်မိပါတယ်။ ၀ိုင်းရယ်ကြရပါတယ်။ အဲဒီမှာခေါ်မိတဲ့ အမျိုးသမီးအဖွဲ့ကလဲ ကျွန်တော်တို့ စားတဲ့ အောင်သုခ ထမင်းဆိုင်ကိုပဲဝင်လာ၍ ပိုပြီးရယ်ရပြန်တယ်။ တော်တော်ကြားမှ မစီတို့ တတိယကားရောက်လာကြတယ်။ ထမင်းဖိုးနှစ်သောင်းကျပ်ကျော် ကျော်ပဲ ငွေရှင်းရတယ်။ မဝေမွန်က ဧည့်ခံပါတယ်။
ညနေပိုင်း မိုးယံက ကားပေးတယ်။ နီလာကုမ္ပဏီသို့ ခရီးဆောင်အိပ်များပို့တယ်။ ရွှေတိဂုဏ်ဘုရားသို့သွားကြတယ်။ အပြန်မှာ ရွှေလီ(၃) အသားကင်ဆိုင်မှာ ညစာစားကြတယ်။ ဦးကျော်ဌေး မှဧည့်ခံကြွေးပါတယ်။ ငွေ လေးသောင်းကျပ်ကျော်ရှင်းရတာသိရတယ်။ ည(၈း၃၀)နာရီမှ ဟော်တယ်သို့ပြန်ရောက်ကြပါတယ်။ ညပိုင်း ကိုအောင်ခိုင်ဝင်း တို့ဇနီးမောင်နှံ က မစီအတွက် လက်ဆွဲအိပ် လက်ဆောင်ဝယ်ပေးပါတယ်။ ကိုဝင်းမင်းက ဂျေဒိုးနတ်မုန့််များ လက်ဆောင်ဝ.ယ်ပေးပါတယ်။
မိုးယံက ငွေလဲပေးကြတယ်။ တစ်ဒေါ်လာ=၁၀၅၀ ကျပ်နှုန်းရတယ်။ ငွေနှစ်သိန်းဖိုးလဲတယ်။ ဒေါ်လာ(၂၀၀)ရတယ်။ ကိုအောင်ခိုင်ဝင်းကို(၁၀)ဒေါ်လာပြန်ပေးရန် ညမှာ မစီနှင့် စာရင်းတွက် ကြပါတယ်။ ကိုအောင်ခိုင်ဝင်း က ပြန်မပေးရန်ပြောပါတယ်။ ဒါပေမဲ့ ပြန်အမ်းပေးမှဖြစ်ပါမည်။
မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ သူဌေးမင်း ဥိးမျိုးညွန့်+ဒေါ်တင်တင်မြင့် တို့ရဲ့ စေတနာကြောင့် မနက်ဖြန် ဗုဒ္ဓဂယာသို့ (၁၅)ရက်ဘုရားဖူး သွားကြရပေဦးတော့မည်။ သူဌေးတို့မိသားတစ်စု ကျမ်းမာ၊ချမ်းသာကြပါစေကွယ်..။

မနက်ဖြန် ခရီးစဉ်အား ဆက်လက်ဖေါ်ပြတင်ပေးပါမည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဧပြီလ(၉)ရက်နေ့၊ည(၁၁)နာရီ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင် သူဌေးတို့၏ စေတနာ ini dipublish oleh shwelannwelanwinkyi pada hari Monday, April 12, 2010. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင် သူဌေးတို့၏ စေတနာ
 

0 comments: