ဆရာသာဂဒိုး ကို နှမျောတသ လွမ်းမိပါသည်




ဆရာသာဂဒိုး ကို နှမျောတသ လွမ်းမိပါသည်

ရွှေလမ်းငွေလမ်းဝင်းကြည်

ဆရာသာဂဒိုး ကွယ်လွန်သွားကြောင်းကြားသိရလိုက်တာ များစွာဝမ်းနည်းတသ နှမျော နေကြပါတယ်။ ၂၅-၄-၂၀၁၀ နေ့ ညနေပိုင်းမှာ မကွေးစာနယ်ဇင်းစကားဝိုင်းကို ဆရာသာဂဒိုး ကွယ်လွန်သွားပြီးတဲ့..ဆိုတဲ့သတင်းကို သယ်ဆောင်ပြောကြားလာသူမှာ ဆရာ မကွေးဝင်းမြင့် ဖြစ်ပါတယ်။ အဲဒီနေ့ ညနေပိုင်း စာပေစကားဝိုင်းမှာ ဆရာသာဂဒိုး အကြောင်း ကိုသာ ရှေဖြစ်ဟောင်း အောင်းမေ့ဖွယ်ရာများကို ပြောကြားကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ /၂၀၀၈ ခုနှစ် က စာပေညီလာခံကို တက်စဉ်က ဆရာသာဂဒိုးရဲ့နေအိမ် တိုက်ခန်းကို ရောက်ခဲ့ပါတယ်။ ဆရာမကွေးဝင်းမြင့်နဲ့က တိုင်းရင်းဆေး သုတေသီအချင်းချင်း ဆိုတော့ တော်တော်ရင်းနှီးခင်မင်ကြပါတယ်။ ဆေးကြောင်း ၀ါးကြောင်းနဲ့ တိုင်းရင်းဆေးပင်များရဲ့ အာနိသင်များကို အားရပါးရဆွေးနွေး တိုင်ပင်နေကြပါတယ်။ ကျွန်တော်ကတော့ သတင်းသမားပီပီ မှတ်တမ်းတင် သတင်းဓာတ်ပုံ များကိုသာ ရိုက်ခဲ့ပါတယ်။ ဆရာသာဂဒိုးရယ်၊ မကွေးဝင်းမြင့်ရယ် ကျွန်တော်ရယ် ပုံကိုမှတ်တမ်း တင်ဖြစ်ခဲ့ပါတယ်။ သုံးရောက်တွဲမရိုက်ခင်မှာ ဆရာသာဂဒိုးက “နေပါအုံး မောင်ဝင်းကြည်ရယ်..စောစောကလို စာရေးနေတုံးအထမှာ စွပ်ကြယ်လက်ပြတ်နဲ့ပုံဖြစ်နေပါ့ မယ်.. အပေါ်အင်္ကျီဝတ်ပါရစေအုံး..ခဏစောင့်ပါ…” ဆရာပြောတာကို ပြန်လည်အမှတ်ရနေခဲ့ ပါတယ်။ ဆရာသာဂဒိုး က စာရေးရင် လက်နှိပ့်စက်ဖြင့်သာ ရေးတာကို မှတ်တမ်းတင်ခဲ့ ပါတယ်။

ဆရာသာဂဒိုး ကွယ်လွန်သွားတဲ့အတွက် ဆရာရဲ့မိသားစုများနှင့် အတူ၊ မကွေးစာနယ်ဇင်း တစ်ဖွဲ့လုံးက ထပ်တူ ၀မ်းနည်းမိပါကြောင်း တင်ပြလိုက်ရပါတယ်။ ဆရာသာဂဒိုး ကောင်းရာသုဂတိဘုံသို့ ရောက်ပါစေ….။

မှတ်ချက်။ ။ ၂၄-၄-၂၀၁၀ နေ့တွင် နေပြည်တော်မှအပြန် အပူလွန်ကဲ၍ ကွယ်လွန်သွားခဲ့သော ဆရာသာဂဒိုးအား အမှတ်တရ


ရွှေလမ်းငွေလမ်းဝင်းကြည်
၎-၅-၂၀၁၀ ညနေ(၅း၃၀)နာရီ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဆရာသာဂဒိုး ကို နှမျောတသ လွမ်းမိပါသည် ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 4, 2010. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan ဆရာသာဂဒိုး ကို နှမျောတသ လွမ်းမိပါသည်
 

1 comments:

what is good things said... | May 7, 2010 at 12:04 AM

ဆရာကြီး ဦးသာဂတိုးက တော်တော်ကျန်းမာတာနော်။ သူရေးတဲ့စာတွေထဲမှာ ဖတ်ရတာ သူက ဆံပင်ဖြူတာကလွဲ ရင် အကုန်ကောင်းတယ်။ သန်စွမ်းတုန်း သွားတွေလည်း အကုန်ကောင်းတယ်လို့ ထည့်ရေးတာဖတ်ရတယ်။ အပူပြင်းလို့ဖြစ်သွားရတာကိုး နှမြောလိုက်တာဦးရယ်.။ သူ့ရဲ့ မြန်မာတိုင်းရင်းဆေးတွေနဲ့ လူ့အသက်များစွာရှင်သန် ခဲ့ဖူးတာတွေကို အမြဲဖတ်ရလို့ ဆရာကြီးကိုလေးစားမိနေ တာပါ။
ဆရာကြီး ဦးသာဂတိုးကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။