မြေလတ်မီဒီယာဂျာနယ် ကြော်ငြာကဏ္ဍ၊ မကွေးဧရာဝတီ အဆင့်မြင့် ဥယျာဉ်အိမ်ရာစီမံကိန်းစတင်ဆောက်လုပ်နေပါပြီ
မြေလတ်မင်းလွင်၏ ဇာတိရွာ၊မကွေးမြို့နယ် စမ်းကြီးကျေးရွာမီးလောင်မှုဖြစ်ပွား အတိုင်ပင်ခံအယ်ဒီတာမြေလတ်မင်းလွင်းနှင့်ထပ်တူမြေလတ်မီဒီယာဂျာနယ် မှ အထူးဝမ်းနည်းရပါသည်။
သတင်းမီဒီယာများအား ရိုင်းပြစွာဆက်ဆံသော မန်းကျိုးကျေးရွာအုပ်ချုပ်ရေးမှူးကို မင်းဘူး/စကုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားထား
အောင်ဘု(မင်းဘူး)
မြေလတ်မီဒီယာဂျာနယ် တာဝန်ခံအယ်ဒီတာတင်ရွှေ(မင်းဘူး)၏ တာဝန်ပေးချက်အရ မင်းဘူး/စကုမြို့နယ်၊ မန်းကျိုးကျေးရွာသို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သတင်းထောက်သုံးဦး သွားရောက်သတင်းယူခဲ့ကြောင်း၊၎င်းမန်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်စိမ့်မှ မိုက်ရိုင်းစွာပြောဆိုခဲ့၍ ၊ မီဒီယာ လွတ်လပ်ခွင့်အားတားဆီး ပိတ်ပင့်ကြောင်း၊ အသံချဲ့စက်အားအသုံးပြု၍ အာဏာကိုအလွှဲသုံးစားပြုပြီး ကြော်ငြာခဲ့ကြောင်း၊ အများပြည်သူများ သိသင့် သိထိုက်သော သတင်းအား အမှောင်ချ ဖုံးကွယ်လို၍ မီဒီယာလုပ်ငန်းအား ၀တ္တရားနှောက်ယှက်မှုပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းအုပ်ချုပ်ရေးမှူးအားထိရောက်စွာ အရေးယူပေးပါရန် မင်းဘူး/စကု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ ၎င်း နေ့ကပင်တိုင်ကြားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ သက်ဆိုင်ရာမှ ၎င်းကိစ္စအား မြေရှင်းဆောင်ရွက်မပေးသေးကြောင်း၊ ထို့ကြောင့် မင်းဘူး၊ ခရိုင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ ဆက်လက်တိုင်ကြားမည်ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မပေးလျှင် မြန်မာနိုင်ငံ စာနယ်ဇင်း မှ တဆင့် နိုင်ငံတော်သမ္မတ ထံသို့ ထပ်မံတိုင်ကြား၍ မြေလတ်မီဒီယာသတင်းထောက်များမှ ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းထောက် လူရှိန်အောင်က ပြောကြားသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မြေလတ်မီဒီယာဂျာနယ် ဒေသခံအယ်ဒီတာ လူရှိန်အောင်၊သတင်းထောက် ဝရဇိန်(မင်းဘူး)၊ဇာဇာ(မကွေး)တို့က မန်းကျိုးကျေးရွာမှာ MPRLကုမ္ပဏီမှ ဆင်းရဲမွဲ တေမှုလျှော့ချရေးအတွက် ကျေးရွာပြည်သူများနှင့် ကုမ္ပဏီတို့တွေ့ဆုံဆွေးနွေးပွဲကို နေ့ လယ်၁၂နာရီတွင် ရွာလည်ဇရပ်၌တွေ့ဆုံမည်ဖြစ်ကြောင်းသိရ၍ ၎င်းသတင်းသည် လူထုအကျိုးအတွက် သတင်းဖော်ပြရန် သတင်းထောက်သုံးဦးက သတင်းသွား ရောက်ယူခဲ့ရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး က သတင်းမယူရန် တားဆီးပိတ်ပင့်၍ ပြောဆိုသည်။
(ဘယ်သတင်းထောက်မှအလိုမရှိဘူး၊ငါ့ရွာကိုဘယ်ကသတင်းထောက်မှမလာနဲ့၊ငါကျေးရွာအုပ် ချုပ်ရေးမှူးကြည်စိမ့်ပြောတာဆိုပြီး) သတင်းသမားသုံးဦးကို ဦးကြည်စိမ့်မှ ရိုင်းစိုင်းစွာနဲ့ အများပြည်သူရှေ့မှာပြောဆိုလိုက်သည်ဆို၏။
၎င်းကိစ္စအား မင်းဘူး/စကုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်ရာ (ဟုတ်ပါတယ်၊ တိုင်ထားပါတယ်၊ တာဝန်ခံအယ်ဒီတာအပါအဝင်လေးဦးလာတိုင်ထားပါတယ်၊ ကျွန်တော်တို့ ဦးကြည်စိမ့်ကိုခေါ်ပြီးစစ်ဆေးမေးမြန်းပါမယ်၊ ပြီးရင်မြေလတ်မီဒီယာ ဂျာနယ်ကိုပြောပါမယ်။)ဟု မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ သို့သော်လည်း ၎င်းကိစ္စအား ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ အောင်ဘု(မင်းဘူး)
မကွေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် (၁၈.၂.၂၀၁၅) ၇က်နေ့တွင် မကွေးတက္ကသိုလ်အတွင်း
ISIS စစ်သွေးကြွ များက အီရတ်နိုင်ငံ အနောက်ပိုင်းတွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ်
18 February 2015 15:03(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ဘဂ္ဂဒက် ၊ ၁၈-၂-၂ဝ၁၅
ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့တွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ISIS စစ်သွေးကြွ များသည် ယခု သတ်ဖြတ်ခြင်း ခံရသူများကို မည်သည့် အကြောင်းအရင်း ကြောင့် သတ်ဖြတ်ခဲ့ခြင်း နှင့် သတ်ဖြတ်ခံ ရသူများမှာ မည်သူတို့ ဖြစ်ကြောင်းကို အတိအကျ မသိရသေး သော်လည်း မီးရှို့ သတ်ဖြတ် ခံရသူများမှာ ISIS စစ်သွေးကြွ အဖွဲ့က လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖမ်းဆီးခံ ရသည့် အင်အာဆတ် လေတပ် အခြေစိုက်စခန်း အနီးရှိ အယ်လ်ဘတ်ဂ်ဒါဒီ မြို့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ခြေ ရှိကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့မှ အကြီးအကဲ က ပြောကြား ခဲ့သည်။
ယခုအခါ ISIS စစ်သွေးကြွ များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် အတွက် အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်း အား အကူအညီ တောင်းဆို ထားကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
လစ်ဗျားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် အီဂျစ် နိုင်ငံသား ၂၁ ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်းကြောင့် အီဂျစ်အစိုးရ က ဖေဖော်ဝါရီ ၁၆ ရက်တွင် လေကြောင်း မှ တိုက်ခိုက် ခဲ့ရာ ISIS စစ်သွေးကြွ အနည်းဆုံး ၄ဝ ဦးခန့် သေဆုံးခဲ့ ကြောင်းနှင့် ယင်း စစ်သွေးကြွ များသည် ဂျော်ဒန်နှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များ၏ ဗုံးကြဲ တိုက်ခိုက်ခြင်း ကိုလည်း ခံရလျက် ရှိကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/02/isis_40.html မှ ကူးယူဖော်ပြပါသည်။
ကျောင်းသားသပိတ်စစ်ကြောင်း တိုင်းနဲ့ပြည်နယ် သမဂ္ဂတချို့ လာပူးပေါင်း
18 February 2015 15:03(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး ချီတက်နေတဲ့ ပင်မ ကျောင်းသား သပိတ် စစ်ကြောင်းက ပဲခူးတိုင်း မင်းလှမြို့ကနေ လက်ပံတန်းမြို့ကို ဆက်လက် ချီတက်နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီက ကယန်းနဲ့ ချင်းတိုင်းရင်းသား သမဂ္ဂတွေနဲ့ တခြား သမဂ္ဂ၀င် မဟုတ်သူတွေကလည်း လာရောက် ပူပေါင်းမှုတွေကို ရှိနေတယ်လို့ ဆိုပါတယ်။
တနင်္သာရီ၊ မွန်၊ မြေလတ် သပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းနဲ့ ဧရာဝတီစစ်ကြောင်းကတော့ ခေတ္တရပ်နားထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းကတော့ မင်းလှမြို့ကနေ လက်ပံတန်းမြို့ကို ဆက်လက် ချီတက်နေပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ခရိုင်သမဂ္ဂပေါင်း ၁၉ ခုနဲ့အတူ ဦးဆောင်ချီတက်နေတယ်လို့ ပင်မသပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ် က ဆိုပါတယ်။
“ကျနော်တို့ ပင်မသပိတ်စစ်ကြောင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂရယ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ကျောင်းသားသမဂ္ဂရယ်၊ နောက်ပြီး တောင်ငူခရိုင် ကျောင်းသားသမဂ္ဂ၊ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၊ ဧရာဝတီတိုင်းမှာဆိုရင် မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ၊ နောက် မြောင်းမြခရိုင် ကျောင်းသားသမဂ္ဂ၊ ပုသိမ်ခရိုင် ကျောင်းသားသမဂ္ဂ၊ ဖျာပုံခရိုင် ကျောင်းသားသမဂ္ဂ ပါတယ်။ အထက်ဘက်မှာဆိုရင်တော့ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင်၊ မြင်းခြံခရိုင်၊ တောင်ငူခရိုင်၊ မုံရွာခရိုင်၊ မိတ္ထီလာခရိုင်၊ ဒီခရိုင်တွေမှာရှိနေတဲ့ ကျောင်းသားသမဂ္ဂတွေ ပါပါတယ်။ လောလောဆယ် ကျနော်တို့ ထွက်ပြီး ပူးပေါင်းလာတာသည် မြေလတ်ဒေသမှာရှိနေတဲ့ ကျောင်းသားတွေပေါ့၊ သမဂ္ဂ၀င် မဟုတ်တဲ့ မကွေးတို့၊ ရေနံချောင်းတို့၊ ကျောက်ပန်းတောင်တို့က ကျောင်းသားတွေ ထွက်ပြီး ပူးပေါင်းလာတယ်။ နောက် ပြည်ခရိုင်က ကျောင်းသားသမဂ္ဂကလည်း ပူးပေါင်းလာတယ်။ နောက် ပဲခူးတိုင်း အနောက်ခြမ်းမှာရှိနေတဲ့ ပဲခူးအနောက်ခြမ်း ကျောင်းသားသမဂ္ဂပေါ့၊ ပေါင်းတည်၊ ပြည်၊ မြစ်ဝ ဒီဟာတွေပါတဲ့ ပဲခူးအနောက်ခြမ်း မြို့နယ်တွေမှာရှိနေတဲ့ ကျောင်းသားတွေ စုပေါင်းထားတဲ့ ပဲခူးအနောက်ခြမ်း ကျောင်းသားသမဂ္ဂလည်း ပါပါတယ်။”
တနင်္သာရီ၊ မွန်၊ မြေလတ် ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်း ရပ်နားလိုက်ပေမဲ့ မုံရွာခရိုင်နဲ့ မြေလတ်က ဗကသ ကျောင်းသားတော့ ပင်မသပိတ်ကို လာရောက် ပူးပေါင်းကြမှာဖြစ်သလို တကသ ဦးဆောင်တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းအနေနဲ့ သပိတ်ရပ်နားထားပေမဲ့ သပိတ်လှန်မယ်ဆိုရင် ဒေးဒရဲမြို့မှာရောက်နေတဲ့ ဧရာဝတီစစ်ကြောင်းက ဗကသအဖွဲ့ဝင်တွေက ပင်မသပိတ်နဲ့ လာရောက် ပူးပေါင်းသွားမယ်လို့ ပြောကြပါတယ်။
သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို နေပြည်တော်မှာရှိတဲ့ ရေဆင်းတက္ကသိုလ် ၃ ခုက ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံပိုင်သတင်းတွေက ထုတ်ပြန်မှုနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် စတဲ့ ရေဆင်းတက္ကသိုလ် ၃ ခုကနေ သူတို့သဘောထားမဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ သူတို့တက္ကသိုလ်တွေဟာ ၀န်ကြီးဌာနတွေရဲ့ လက်အောက်တွေမှာ ရှိတဲ့အတွက် သမဂ္ဂတွေ ဖွဲ့စည်းဖို့ အခွင့်မသာပေမဲ့ ဒီမိုကရေစီ တိုက်ပွဲဝင် ကျောင်းသားတွေနဲ့ တသားတည်းရှိကြောင်း ၄ ပွင့်ဆိုင် ဆွေးနွေးရေးကနေ လွှတ်တော်ကို တင်သွင်းထားချက်တွေနဲ့ ပတ်သက်လို့ ကျောင်းသားတွေရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီမှုမရှိပါက နောက်တဖန် သပိတ်မှောက်ရာမှာ ရေဆင်းတက္ကသိုလ်အနေနဲ့ စစ်ကြောင်းတခုအနေနဲ့ ပါဝင်လာမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အစိုးရဘက်က သတင်းထုတ်ပြန်အပြီးမှာတော့ ရေဆင်းတက္ကသိုလ် ကျောင်းသားတွေက ကျောင်းသားသပိတ်တွေကို ထောက်ခံကြောင်း ပင်မသပိတ်စစ်ကြောင်းကို ဆက်သွယ်လာတဲ့အကြောင်း၊ ပင်မသပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပြပါတယ်။
“ရေဆင်းတက္ကသိုလ်က သဘောထားထုတ်ပြန်တာ အစိုးရရဲ့ သတင်းစာထဲမှာပါတဲ့ ဥစ္စာပေါ့လေ အဲ့ဒါထုတ်ပြန်ပြီးတဲ့နောက်မှာ ချက်ခြင်းပဲ ကျနော်တို့ ခုနကဆိုရင် ကျနော်တို့ဆီကို နေ့ခင်းကတည်းက ဆက်သွယ်ထားတယ် ကျောင်းသားတွေ အစည်းအဝေးထိုင်နေတယ်။ ၀န်ကြီးဌာနမတူတဲ့အတွက် သမဂ္ဂဖွဲ့ဖို့ အဆင်မပြေဘူး။ ဒါပေမဲ့ အဲ့ဒီမှာရှိနေတဲ့ ကျောင်းသားတွေက အကုန်လုံး စုပေါင်းပြီးတော့ အစိုးရသတင်းစာထဲမှာပါတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်ကို မထောက်ခံဘူးဆိုတဲ့ ကြေညာချက်က သူတို့ရဲ့ သဘောထားမဟုတ်ဘူးပေါ့။ ဒီက ဆရာ၊ ဆရာမတွေနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ လက်တဆုပ်စာ ကျောင်းသားတွေကပဲ တကျောင်းလုံးရဲ့ သဘောထားဟုတ်သယောင်နဲ့ ထုတ်ပြန်တယ်ပေါ့။ အဲ့ဒါကို သူတို့လက်မခံဘူး။ သူတို့အနေနဲ့ ဒီမိုကရေစီ ပညာရေးစစ်ကြောင်းနဲ့ ဒီမိုကရေစီ ပညာရေး သပိတ်တိုက်ပွဲကို ထောက်ခံတယ်၊ လက်ခံတယ် ဆိုတဲ့ဟာကို နာရီပိုင်းလေး ကြေညာချက် အခု ထုတ်ပြန်လိုက်ပါပြီ။ ကျနော်တို့ဆီကိုလည်း ဖုန်းဆက်ပြီးတော့ အသိပေးပါတယ်။”
ပင်မသပိတ်စစ်ကြောင်းအနေနဲ့ ရန်ကုန် ၀င်ရေး၊ မ၀င်ရေးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်ကကော လူပုဂ္ဂိုလ်တဦးချင်းအရကော ဖိအာပေးမှုတွေ လုပ်နေတဲ့အတွက် မနက်ဖြန်မှာ ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ခရိုင်အသီးသီးက ကျောင်းသားတွေရဲ့ သဘောထားဆန္ဒတွေကို မေးမြန်းပြီး ဆုံးဖြတ်ချက် ချသွားမယ်လို့ ပင်မသပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ် က ဆိုပါတယ်။
“နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ ရန်ကုန်ဝင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။”
ပင်မသပိတ်စစ်ကြောင်း ရန်ကုန်ကို ၀င်ရောက်ဖို့အတွက် မိုင် ၁၀၀ ကျော်လောက်သာ ကျန်တော့တဲ့အချိန်မှာ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်စေနိုင်တဲ့ ၀ါဒဖြန့်ချီရေးတွေ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာသလို သပိတ်စစ်ကြောင်း ရန်ကုန်မ၀င်ရေးနဲ့ ပတ်သက်လို့ လူထုကြားမှာ နာမည်ကြီးတဲ့ သီတဂူက မေတ္တာရပ်ခံတာတွေ လုပ်လာပါတယ်။ ကျောင်းသားတွေကတော့ တားဆီးမှု ဝေဖန်မှုတွေက ပယ်ချခဲ့ပြီး လက်ပံတန်းမြို့မှာ တရက်နားချိန် ရန်ကုန် ၀င်ရေး၊ မ၀င်ရေးအတွက် ကျောင်းသားတွေအချင်းချင်းကြားမှာ ဆွေးနွေးပြီး နောက်ဆုံးသဘောထားတွေ ရယူသွားမှာဖြစ်ကြောင်း ဗကသများ ဦးဆောင်တဲ့ ပင်မသပိတ်စစ်ကြောင်းက ပြောဆိုခဲ့ပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/student-protests/2648338.html
မှ ကူးယူဖော်ပြသည်။
ကိုးကန့်တိုက်ပွဲနဲ့ မြစ်ဆုံစီမံကိန်း ဆက်စပ်မှုရှိနိုင်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြောကြား
![]() | |
လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ။ Photo: Hmuu Zaw |
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဝေဖန်ပြောကြား လိုက်ပါတယ်။
ဒီပြသနာရဲ့ နောက်ကွယ်မှာ လက်ပံတောင်းတောင် ၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေအပေါ် မကြေနပ်မှုပယောဂတွေ ပါဝင်နိုင်တယ်
လို့ RFA က ဗုဒ္ဓဟူးနေ့ မနက် ဆက်သွယ်မေးမြန်း ခဲ့ရာမှာ ဦးတင်ဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။
"မြှောက်ပြုပေးတဲ့ဟာပါတယ်ပေါ့၊ လက်ပံတောင်း ကိစ္စတို့ ဘာတို့ကလည်း ရှိတာတစ်မျိုး နောက်မြစ်ဆုံ တို့ ဘာတို့က ဖြစ်တာတွေကကတစ်မျိုး အဲဒီ့ဟာတွေရှိတဲ့ အခါကျတော့ ဒါတစ်နေရာမှာ အခြေအနေ မတည်မငြိမ်အောင်များ အမှန်ကတော့ ဗျာ ပြေလည်နေလို့ရှိရင်တော့ သူတို့မွေးထားတဲ့ သူတွေကို ငြိမ်စေပေါ့နော်၊ နည်းနည်းပါးပါး သူတို့ဘက်က ဟိုဒင်းဖြစ်လာတယ်ထင် လာရင်တော့ အဲဒီ့မွေးထားတဲ့သူတွေကို အဲဒီ့မွေးထားတဲ့အတိုင်းပဲ ဒုက္ခပေးတတ်တာ ကတော့ သတိထားနေရတာပဲ"
သူ့ရဲ့စစ်ရေးအတွေ့အကြုံအရ အဲဒီ့ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို မြန်မာ့တပ်မတော်အနေနဲ့ ယုံကြည်စိတ်ချလို့ မရနိုင်ဘူးလို့လည်း ဦးတင်ဦးကပြောပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖေါ်ဝါရီလ ၁၇ ရက် မနေ့က နေ့စွဲနဲ့ အမိန့် ၂ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ပထမကြေညာချက်မှာ ကိုးကန့်ဒေသကို အုပ်ချုပ်ဖို့အတွက် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ နဲ့ မလုံလောက်တဲ့အတွက် မနေ့ကစပြီး ရက်ပေါင်း ၉ဝ အတည်ဖြစ်မယ့် အရေးပေါ် အခြေအနေကို ကြေညာလိုက်ကြေင်း ဖေါ်ပြထားပြီး ဒုတိယအမိန့်မှာတော့ ကိုးကန့်ဒေသအုပ်ချုပ်ရေးအတွက် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေ အပ်နှင်းလိုက်ကြောင်း ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်မှာ ရှိတဲ့ ဒေသကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ကိုးကန့်ဒေသအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ လွှဲအပ်လိုက်ကြောင် ကြေညာခဲ့ပါတယ်။
ဒီအတောအတွင်း လောက်ကိုင်ဒေသက ထွက်ပြေးလာတဲ့ ဟန်တရုတ်လူမျိုး ငါးသောင်းကို ယူနန်အာဏာပိုင်တွေက ကူညီစောင့်ရှောက်ထားကြောင်းနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဦးထွန်းမြတ်လင်းက သူတို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားပေမဲ့ တိုင်းပြည်ပြိုကွဲမှာကိုတော့ မဖြစ်စေချင်ပါဘူးလို့ ပြောဆိုကြောင်း ဒီကနေ့ထုတ်ဝေတဲ့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ရန်ကုန်ကလာတဲ့ တခြားသတင်းတစ်ပုဒ်မှာတော့ လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို သွားရောက်ကယ်ဆယ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ မော်တော်ယဉ်တန်းကို မနေ့မနက်က လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြား တိုက်ခိုက်ခံရလို့ လူ ၂ ဦး ဒဏ်ရာရကြောင်း ဖေါ်ပြထားပါတယ်။ ကိုးကန့်အဖွဲ့က တိုက်ခိုက်တယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
RFA Burmese
http://www.rfa.org/burmese/news/utinoo-speaks-koe-kant-battle-02172015234349.html
မှ ကူးယူဖော်ပြပါသည်။
ပစ်ခတ်မှုတွေရပ်တန့်ရန် ကိုးကန့်တိမ်းရှောင်အဖွဲ့ ကမ်းလှမ်း
17 February 2015 19:13(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
ကိုးကန့်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်း လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
လတ်တတော လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုတွေမှာ သေဆုံးသူ ဒေသခံ တစ်ရာကျော် ရှိသွားပြီဖြစ်ပြီး တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတဲ့အတွက် ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံကြောင်း ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိ သူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
မြန်မာအစိုးရကတော့ ကိုးကန့်ဒေသမှာ ကိုးကန့်တိမ်းရှောင် အဖွဲ့နဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက် စေခဲ့တဲ့အကြောင်းနဲ့ အစိုးရနဲ့ တပ်မတော် အနေဖြင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိရေး၊ ကိုးကန့်ဒေသမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး မှုရှိရေးတို့ အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ် သွားမယ်လို့ ကြေညာ ထားပါတယ်။
ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)ဟာ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး လောက်ကိုင်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးအပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို ငြင်းဆန်အပြီး အစိုးရက တိုက်ထုတ်ခဲ့ပါတယ်။
၅ နှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့ရဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်ဟာ မကြာသေးခင်က တရုတ်မီဒီယာကနေ အင်တာဗျူးမှာ မြန်မာအစိုးရကို ပြန်လည်တိုက်ခိုက်မယ်လို့ ဖြေကြားခဲ့ပြီး လွန်ခဲ့တဲ့သတင်းပတ်က လောက်ကိုင်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ၀င်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/82146 မှ ကူးယူဖော်ပြပါသည်။