ရေနံချောင်းမြို့နယ်စည်ပင်သာယာဈေး မီးလောင်ပြင်အားကြည့်ရှုစစ်ဆေးခြင်းနှင့် မကွေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်
မကွေး     ဖေဖော်ဝါရီ      ၁၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ယနေ့ နံနက် ၇ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်   ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၂း၃၀ နာရီက မီးလောင်ကျွမ်းခဲ့သည့် ရေနံချောင်မြို့စည်ပင်သာ ယာဈေး မီးလောင်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးဇော်လင်းအောင်၊တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး၊စည်ပင်သာယာရေးညွှန်ကြားရေးမှူးတို့မှမီးလောင်      နေမှုကိုထိန်းချုပ်နိုင်မှု အခြေအနေ၊မီးကြွင်းမီးကျန်များအား ငြိမ်းသတ်နေမှုအခြေအနေနတို့ကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မီးကြွင်မီးကျန်များမှ ထပ်မံမီးမကူးဆက်ရေးအတွက် စနစ်တကျဆောင်ရွက် ထားရှိရေး၊လုံခြုံရေး၊မီးလောင်ပြင်သန့်ရှင်းရေး ဆောင်ရွက်ရေးတို့ကိုမှာကြား၍ ဈေးအတွင်းမီးလောင်နေမှု နှင့် မီးကြွင်းမီးကျန်များ ငြိမ်းသတ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေနံချေားမြို့နယ်နှင့်နတ်မောက်မြို့နယ်တို့ကို ဆက်သွယ်သော ရေနံချောင်း-ဂွေးကုန်း-၀က်ချုပ်လမ်းအားစစ်ဆေးပြီး နတ်မောက်မြို့နယ်သားမျှားကျေးရွာ မြေနီလမ်း ဖောက်လုပ်နေမှုကို စစ်ဆေးကာ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးရေး ၊စံချိန်စံညွှန်းကိုက်ညီရေး သက်ဆိုင်ရာ ကော်မတီများမှ စစ်ဆေးရေးတို့ကို မှာကြားခဲ့သည်။
          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်တွင်းကြီးမြို့နယ် ဆားတဲကျေးရွာနှင့်တောင် တွင်းကြီး-နတ်မောက်လမ်းသို့ဆက်သွယ်သော လမ်းခင်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာတွင် စံပြစက်မှုလယ်ယာ ဧက(၂၀၀)လယ်ဖော်ထုတ်နေမှုလုပ်ငန်းအား တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှစက်မှုလယ်ယာမှ      လယ်ဖော်ထုတ်နေမှုအခြေအနေကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်စပ်တဆက်တည်း လယ်ယာဖော်ထုတ်နိုင်ရေးအတွက်ဆောင်ရွက်ရေး၊လယ်သမားများအားစိတ်ဝင်စားလာအောင် စည်ရုံးရေး၊ အဆင့်မြင့် လယ်ယာမြေများဖော်ထုတ်ပြီးပါက သိပ္ပံနည်းကျ အထူးအထွက်တိုး စိုက်ပျိုးရန်အတွက် ပညာပေးဆောင်ရွက်ရေး၊ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်းပြီးစီးရေး၊ အလေအလွင့်မရှိရေးတို့ကို မှာကြားပြီး လုပ်ငန်းခွင် အခက်အခဲများအား တိုင်းဒေသကြီးဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
          တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာရှိ စံပြစက်မှုလယ်ယာ စီမံကိန်းသည် တစ်ဆက် တစ်စပ်တည်းရှိ လယ်ဧကများအား ဧက(၂၀၀)စက်မှုလယ်ယာဖော်ထုတ်လျက်ရှိပြီး ကုန်ထုတ်လမ်း ရေသွင်းမြောင်း၊ရေထုတ်မြောင်းစနစ်များပါရှိသော စကမှုလယ်ယာစနစ်ဖြစ်ကြောင်းနှင့် စီမံကိန်းပြီးပါက မကွေးတိုင်းဒေသကြီးအတွင်းရှိတောင်သူများအား တောင်သူပညာပေးပြကွက်များ၊ မျိုးကောင်းမျိုးသန့် များကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments: