ISIS စစ်သွေးကြွ များက အီရတ်နိုင်ငံ အနောက်ပိုင်းတွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ်



18 February 2015 15:03(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

ဘဂ္ဂဒက် ၊ ၁၈-၂-၂ဝ၁၅

ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့တွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် ယခု သတ်ဖြတ်ခြင်း ခံရသူများကို မည်သည့် အကြောင်းအရင်း ကြောင့် သတ်ဖြတ်ခဲ့ခြင်း နှင့် သတ်ဖြတ်ခံ ရသူများမှာ မည်သူတို့ ဖြစ်ကြောင်းကို အတိအကျ မသိရသေး သော်လည်း မီးရှို့ သတ်ဖြတ် ခံရသူများမှာ ISIS စစ်သွေးကြွ အဖွဲ့က လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖမ်းဆီးခံ ရသည့် အင်အာဆတ် လေတပ် အခြေစိုက်စခန်း အနီးရှိ အယ်လ်ဘတ်ဂ်ဒါဒီ မြို့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ခြေ ရှိကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့မှ အကြီးအကဲ က ပြောကြား ခဲ့သည်။

ယခုအခါ ISIS စစ်သွေးကြွ များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် အတွက် အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်း အား အကူအညီ တောင်းဆို ထားကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

လစ်ဗျားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် အီဂျစ် နိုင်ငံသား ၂၁ ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်းကြောင့် အီဂျစ်အစိုးရ က ဖေဖော်ဝါရီ ၁၆ ရက်တွင် လေကြောင်း မှ တိုက်ခိုက် ခဲ့ရာ ISIS စစ်သွေးကြွ အနည်းဆုံး ၄ဝ ဦးခန့် သေဆုံးခဲ့ ကြောင်းနှင့် ယင်း စစ်သွေးကြွ များသည် ဂျော်ဒန်နှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များ၏ ဗုံးကြဲ တိုက်ခိုက်ခြင်း ကိုလည်း ခံရလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/isis_40.html  မှ ကူးယူဖော်ပြပါသည်။
 

0 comments: