၂၀၁၄-၂၀၁၅ ပညာသင်နှစ် ၊ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် တံခွန်စိုက်ဒိုင်း အထူးပြုဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်လှစ်



ပခုက္ကူ   -   ဖေဖော်ဝါရီ   -   ၁၇
          ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ပခုက္ကူ တက္ကသိုလ် ပါမောက္ခချုပ်တံခွန်စိုက်ဒိုင်း ၊ အထူးပြုဘာသာရပ်
ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုယနေ့ညနေ(၃)နာရီခွဲတွင်ပခုက္ကူတက္ကသိုလ်၊ဘောလုံးကွင်း
၌ကျင်းပရာခေတ္တပါမောက္ခချုပ်ဒေါက်တာဘိုးထိုက်(ဒဿနိကဗေဒ၊ဌာနမှူး)မှအဖွင့်အမှာစကားပြောကြားပြီး၊
ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုကာအားကစားအသင်းများ
ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။(ပုံ)

          ဘောလုံးဖွင်ပွဲသို့အထူးပြုဘာသာရပ်အသီးသီးမှပါမောက္ခ၊ဌာနမှူးများ၊ကျောင်းသား၊ကျောင်းသူ
များ၊တက်ရောက်အားပေးခဲ့ကြပြီး၊ပထမနေ့ပွဲစဉ်အဖြစ်ဓာတုဗေဒအသင်းနှင့်ပထ၀ီဝင်အသင်းတို့ယှဉ်ပြိုင်
ကစားကြရာဓာတုဗေဒအသင်းကပထ၀ီဝင်အသင်းအား(၂)ဂိုး၊(၁)ဂိုးဖြင့်ပွဲဦးထွက်အနိုင်ရရှိခဲ့ကြောင်း
သိရသည်။ယနေ့ကျင်းပတဲ့ဘောလုံးပွဲကတော့ပခုက္ကူတက္ကသိုလ်အားကစားနှင့်ကာယပညာကော်မတီ
ကကြီးမှူးပြီး၊အထူးပြုဘာသာရပ်ပေါင်းစုံ(၁၀)သင်းနဲ့ယှဉ်ပြိုင်ကျင်းပတဲ့ပွဲပါဟုပြိုင်ပွဲကျင်းပရေးကော်မတီ
ဝင်တစ်ဦးကဆိုသည်။
 အောင်(မန်းတက္ကသိုလ်)
         
 

0 comments: