တစ်ပတ်အတွင်းကမင်္ဂလာဆောင်ခဲ့ကြသော ဗိုလ်ကြီးသန်းထိုက်အောင်နှင့် မသီရိအောင် တို့ ဧရာဝတီတံတား(မကွေး) ပေါ်မှာယာဉ်တိုက်မှုဖြင့် ဇနီးမောင်နှံသေဆုံး



ဝိုင်းအောင်
          မကွေးမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၅၊ ဖေဖော်ဝါရီလထဲမှာ လွန်ခဲ့သောတစ်ပတ်အတွင်းကမင်္ဂလာဆောင်ခဲ့သောဗိုလ်ကြီးသန်းထိုက်အောင်နှင့် မသီရိအောင် တို့ဇနီးမောင်နှံသည် မကွေးမြို့မှ မင်းဘူးမြို့သို့ မော်တော်ဆိုင်ကယ်ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်မှာသွားနေစဉ် ဧရာဝတီတံတား(မကွေး) ပေါ်မှာယာဉ်တိုက်မှုဖြင့် ဇနီးမောင်နှံသေဆုံးသွားကြောင်းမြေလတ်မီဒီယာ မှ သတင်းရရှိသည်။

          ဖြစ်စဉ်မှာ ၂၀၁၅၊ ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဗိုလ်ကြီးသန်းထိုက်အောင်နှင့် မသီရိအောင် တို့သည် မော်တော်ဆိုင်ကယ်အမှတ် ၄၁ယ/၉……ဖြင့် မကွေးမြို့မှ မင်းဘူးမြို့သို့သွားနေစဉ် ဧရာဝတီတံတား(မကွေး)ပေါ် မင်းဘူးဘက်အခြမ်းပီ ၄ နှင့် ပီ ၅ အကြားအရောက်မှာ ၆ ဘီးကားအမှတ် S/ ၆၈၃၇ မှ ၎င်းတို့ဆိုင်ကယ်အားကျော်တက်စဉ် မော်တော်ယာဉ်၏နောက်ပိုင်းဖြင့် ဆိုင်ကယ်အားတိုက်မိကြောင်းသိရသည်။

အခင်းဖြစ်ရာနေရာတွင် ဆိုင်ကယ်တိမ်းမှောက်ပြီးမသီရိအောင်မှာနေရာတွင်သေဆုံးကြောင်း၊ ဗိုလ်ကြီးသန်းထိုက်အောင်(၂၅)နှစ်၊ မှာမင်းဘူးခရိုင်ဆေးရုံသို့ နေ့လည် ၁း၃၀ အချိန်တွင် ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားကြောင်းသိရသည်။ ဗိုလ်ကြီးသန်းထိုက်အောင်မှာရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊ အမှတ်(၃၈၆)အမြောက်တပ်ရင်းမှဖြစ်ကြောင်း၊ ၆ ဘီးကားအမှတ် S/ ၆၈၃၇ယာဉ်မောင်းမှာမင်းဘူးမြိုနယ်၊ ဇီးအိုင် ကျေးရွာမှ အောင်စိုးလင်း(၃၂)နှစ်၊(ဘ)ဦးမောင်ဝင်းမောင်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းသူအောင်စိုးလင်း(၃၂)နှစ်အားမင်းဘူးမြို့မရဲစခန်းတွင် (ပ)၉/၂၀၁၅ ပြစ်မူပုဒ်မ  ၃၀၄-က ဖြင့် ၎င်းနေ့ ၊ နေ့လည်၂း၃၀ နာရီအချိန်တွင် အမူဖွင့် အရေးယူဆောင်ရွက်ထားကြောင်းရဲမှတ်တမ်းအရမြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းအောင်
 

0 comments: