ဆိပ်ဖြူမြို့်နယ် မြင်က၀ကျေးရွာအုပ်စု နွေစပါးစိုက်တောင်သူများပျိုးထောင်မှုဆောင်ရွက်




ဆိပ်ဖြူ   -   ဖေဖော်ဝါရီ   -   ၁၇
          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ၊ မြင်က၀ကျေးရွာအုပ်စု၊ နွေစပါးစိုက်တောင်သူများသည်
နွေစပါး စိုက်ပျိုးနိုင်ရန်အတွက်ဖေဖော်ဝါရီ(၁)ရက်နေ့မှဖေဖော်ဝါရီ(၁၅)ရက်နေ့အထိ နွေစပါးစိုက်ပျိုးနိုင်
ရန် သက်လျှင်အထွက်ကောင်း မျိုးကောင်းမျိုးသန့် စပါးများဖြစ်သည့် ရွှေပြည်ဌေးရတနာတိုး မျိုးစပါးများ
ပျိုးပါးကျဲစနစ်ကိုပျိုးထောင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပြီး ၊ တောင်သူများအတွက်ပျိုးထောင်
ခြင်းလုပ်ငန်းများကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက နည်းပညာများကိုပေးအပ်ခဲ့ပြီး ၊ အောက်ဆိပ်
လျှပ်စစ်မြစ်ရေတင်မှနွေစပါးစိုက်ပျိုးမှု ပျိုးထောင်နိုင်ရန် ဇန်န၀ါရီလ(၂၀)ရက်နေ့မှစတင်ကာပျိုးထောင်
ရေများကိုပို့လွှတ်ပေးထားကြောင်း၊ အောက်ဆိပ်မြစ်ရေတင်တွင်စပါးစိုက်ဧက(၄၈၇) ရှိပြီး ၊ နွေစပါးကို
(၁၇၀)ဧကစိုက်ပျိုးရန်လျာထားလျှက်ရှိကြောင်း ၊ နွေစပါးစိုက်ဧကများစိုက်ပျိုးရေပြည့်ဝစွာရရှိရေး
အတွက်တို့ကိုလည်း မိမိဌာနမှဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း
သိရှိရသည်။ 

စိုးလင်းနိုင်(ဆိပ်ဖြူ)
 

0 comments: