မြေလတ်မင်းလွင်၏ ဇာတိရွာ၊မကွေးမြို့နယ် စမ်းကြီးကျေးရွာမီးလောင်မှုဖြစ်ပွား အတိုင်ပင်ခံအယ်ဒီတာမြေလတ်မင်းလွင်းနှင့်ထပ်တူမြေလတ်မီဒီယာဂျာနယ် မှ အထူးဝမ်းနည်းရပါသည်။

          ၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၄း၄၅ နာရီအချိန်ခန့်တွင် မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းမြေလတ်မီဒီယာကသတင်းရရှိသည်။

ဖြစ်စဉ်မှာဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၄း၄၅ နာရီအချိန်ခန့်တွင်စမ်းကြီးကျေးရွာအိမ်ရှင်ဒေါ်ခင်ရီ(၇၂) အိမ်၊ မီးဖိုရှိမီးကြွင်းမီးကျန်မှ အကာထရံသို့ မီးကူးစက်၍ စတင်လောင်ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းအိမ်မှာ ၂၇ ပေပတ်လည် သွပ်မိုး၊ထရံကာ၊ ၀ါးကြမ်းခင်းအိမ်ဖြစ်ကြောင်း၊ ၎င်းအိမ်မှ တဆင့် အလားတူအိမ် သုံးလုံးသို့ ကူးစက်လောင်ကြွမ်း၍ နေအိမ်လေးလုံး နှင့်အတူပဲ(၁၉၀)တင်း၊ နှမ်း(၁၁၀)တင်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အိမ်လေးလုံးတန်ဘိုးခြောက်သိန်းခန့် နှင့် ပဲတန်ဘိုးငွေ ၊ နှမ်းတန်ဘိုးငွေများ နှစ်ခုပေါင်းခြောက်ဆယ့်သုံးသိန်းငါးသောင်းကျပ် ဆုံးရှုံးခဲ့ကြောင်း၊မီးဘေးသင့် ကလေး၊ လူကြီး (၂၆)ဦးရှိကြောင်းမကွေးမြို့နယ်မီးသတ်ဦးစီးဌာန မှ သတင်းရရှိသည်။

၎င်းဖြစ်စဉ်အားမီးပေါ့ဆသူအတူနေသမီးဒေါ်ပြုံးစိန်(၄၂)နှစ်၊ (အဘ) ဦးကျော့၊ တောင်သူလုပ်ငန်း၊ ကိုမကွေးမြို့နယ်၊ သစ်ရာကောက်နယ်မြေရဲစခန်းမှ (ပ)၁၀/၂၀၁၅၊ ပြစ်မူပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းရဲမှတ်တမ်းမှ သတင်းရရှိသည်။

၎င်းကျေးရွာသည် မြေလတ်မီဒီယာဂျာနယ် အတိုင်ပင်ခံအယ်ဒီတာမြေလတ်မင်းလွင် ၏ ဇာတိကျေးရွာ ဖြစ်၍ မြေလတ်မင်းလွင် နှင့် ထပ်တူဝမ်းနည်းကြေကွဲမိပါသည်။
မြေလတ်မီဒီယာ

 

0 comments: