အောင်လံမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

အောင်လံ     ဇွန်     ၁၂

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သမ္ဘူလ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှံတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းအေးမှ ကြက်သွန်ခင်းကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးကြောင်း တယ်လီ ဖုန်းဖြင့် သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ကြက်သွန်ခင်းကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ မသင်းသင်းလှိုင် (၂၁)နှစ် သည် ၁၀.၆. ၂၀၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ၎င်း၏ နေအိမ် အောက်ထပ် ထုတ်တန်းတွင် ပလပ်စတစ်နွားချည်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း စစ်ဆေးသိရှိရ သဖြင့် ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် အောင်လံ မြို့နယ်၊ ရွှေပန်းတော နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး(ငဖဲ)

 

0 comments: