ညအချိန် မီးမပါဘဲမောင်းနှင်လာသော ဆိုင်ကယ်မှ လမ်းလွှဲဆိုင်းဘုတ်အား တိုက်မိ ဒဏ်ရာရ

မြိုင်     ဇွန်     ၁၄
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ည (၈း၁၅) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၃၆/၇ နှင့် ၃၇) အကြား၊ ပူတွင်းကျေးရွာအနီး တံတားတည်ဆောက်နေသည့် နေရာ၌ ဆိုင်ကယ်တိမ်းမှောက် မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း ရေစကြို မြို့နယ်၊ ကုကိ္ကုစု ကျေးရွာဘက်မှ မြိုင်မြို့နယ်၊ ပူတွင်းကျေးရွာဘက်သို့ ရေစကြိုမြို့နယ်၊ ကုက်္ကိုစုကျေးရွာနေ သူ သောင်းစု (၂၃)နှစ် စီးနင်းမောင်းနှင်သော ၂၅ယ/xxxxx ZONGSHEN-110 အနက်ရောင် ဆိုင်ကယ်သည် မီးမပါဘဲ တစ်ဦးတည်း မောင်းနှင်လာစဉ် တံတားအသစ် တည်ဆောက်နေ၍ လမ်း လွှဲပြုလုပ်ထားသည့် ဆောက်လုပ်ရေး ဆိုင်းဘုတ်အား ၀င်ရောက် တိုက်မိခဲ့သဖြင့် သောင်းစုတွင် အပြင်း အထန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သောင်းစုအား မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အရေးယူဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး(ငဖဲ)

 

0 comments: