ပွင့်ဖြူ ဇွန် ၁၁
၂၀၁၅-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန် ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာပေးခဲ့ရာ မကွေးတိုင်းေးသကြီး ပွင့်ဖြူမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၂၀၅၃ ဦးရှိသည့်အနက် အောင်မြင်သူ ၁၁၀၀ ဦးပြီး အောင်ချက်ရာခိုင်နှုန်း( ၅၃.၅၈)ဖြစ်ကြောင်း သိရသည်။
ဂုဏ်ထူးရရှိအောင်မြင်သူများမှာ ၅ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊၄ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊၂ ဘာသာဂုဏ်ထူးရှင် ၅၁ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၃၈ ဦး ဖြစ်ပြီး စုစုပေါင်း ၂၄၆ ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီိးအတွင်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံး ဖြစ်သည့်အပြင် တိုင်းဒေသကြီး အခြေခံပညာအထက်တန်းကျောင်းများ တွင် ပွင့်ဖြူမြို့နယ်မှ အထက(ကျောင်းတော်ရာ)သည် (၆၄.၄၅)ရာခိုင်နှုန်းဖြင့် အောင်ချက်အ ကောင်းဆုံးဖြစ်ကာ တိုင်းဒေသကြီးနှင့်မြို့နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့ပြီး ပွင့်ဖြူမြို့နယ်တွင်၂၀၁၁ ခုနှစ်မှ၂၀၁၅ ခုနှစ် (၅)နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အမြင့်မားဆုံး ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Myanmar Gazette Aug-Sept 2025
2 days ago
0 comments:
Post a Comment