မင်းဘူး ဇွန် ၁၃
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက် (၉း၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စကုမြို့ စည်ပင်သာယာဈေးအတွင်း တရားမဝင် ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။
စကုမြို့၊ အမှတ်(၂)၊ အောင်သုခရပ်နေ မရီဝင်း(၄၁)နှစ်သည် ဈေးအတွင်းလမ်းဘေးတွင် ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေပြီး ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်လမ်းခွေ (၂၅ဝ)ခွေ၊ ဆင်ဆာမဲ့မြန်မာ ဇာတ်လမ်း ခွေ (၂၄ဝ)ခွေ၊ ဆင်ဆာမဲ့ မြန်မာအငြိမ့်ခွေ(၁ဝ)ခွေ စုစုပေါင်း(၅ဝဝ)ခွေ(တန်ဘိုး ၁၂၅ဝဝဝိ/-)နှင့် ဆင်ဆာမဲ့ခွေ များရောင်းရငွေ ၄၁၅ဝိ/-အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမဝင် ဆင်ဆာမဲ့ ဗီဒီယိုခွေများ ရောင်းချသူ မရီဝင်းအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၈၉/၂ဝ၁၅၊ ရုပ်မြင် သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
သန်းနိုင်ဦး(ငဖဲ)



0 comments:
Post a Comment