မည်သူမဆို စိတ်ဝင်စားသူတိုင်း သတင်း၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ လူထုအော်သံ များ ပေးပို့ကြရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

မြေလတ်မီဒီယာဂျာနယ် ကို ၂၀၁၅၊ ဇန်န၀ါရီ(၁၆)ရက်နေ့မှစတင်၍ အတွဲ(၁) အမှတ်(၁) မှ အတွဲ(၁)၊ အမှတ်(၈) အထိ (၁၅)ရက်တစ်ကြိမ် မကွေးတိုင်းဒေသကြီးအတွင်းသို့ ထုတ်ဝေဖြန့်ချိခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး အတွင်းမှာ ပထမ အဦးဆုံး ထုတ်ဝေသော ဂျာနယ်ဖြစ်ပါသည်။ လစဉ် (၁)ရက်နေ့နှင့်(၁၆)ရက်နေ့များတွင် ဂျာနယ်ထွက်ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဇွန်(၁)ရက်နေ့ထွက်မည့်အပတ်ဂျာနယ်ကို တစ်ပတ်နားလိုက်ရပါသည်။

အတွဲ(၁)၊ အမှတ်(၉) မှ စတင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ပါမည်။ ဂျာနယ်ရောင်းချပေးသော သတင်းထောက်များအား အမာခံအင်အားအဖြစ် အားကိုး ထုတ်ဝေရပါမည်။ ယခင် နေ့က ကြောငြာချက်မှာ မြေလတ်ဂျာနယ်သတင်းထောက် အမာခံများနှင့် သတင်းထောက်အသစ် အမာခံများကို အဓိကထားပြီး ဖိတ်ခေါ်ခြင်းဖြစ်ပါကြောင်း လေးစားစွာဖြင့် ပြန်လည်ကြေညာ တောင်းပန်အပ်ပါသည်။

 မြေလတ်မီဒီယာဂျာနယ်တွင် မည်သူမဆို  စိတ်ဝင်စားသူတိုင်း သတင်း၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ လူထုအော်သံ များ ပေးပို့ကြရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

မြေလတ်မီဒီယာဂျာနယ် ရေရှည် ဆက်လက်အောင်မြင်တိုးတက်ရေးအတွက် မြေလတ်မီဒီယာဂျာနယ် သတင်းထောက်များကို ပထမ အကြိမ် သတင်းထောက်နှင့်ပတ်သက်သော သင်တန်းများဖွင့်၍ သင်ကြားပေးနိုင်ရန်စီစဉ်နေပါသည်။

မြေလတ်မီဒီယာဂျာနယ်
 

0 comments: