ပညာပါရမီစာကြည့်တိုက်ရဲ့ အဆင့်တိုးမြင့်နိုင်ဖို့ ကွန်ပျူတာ ၃၀လုံးထားရှိရန် ကွန်တိန်နာ အဆောက်အဦး အပြီးသတ်ပြုလုပ်

ပညာပါရမီ စာကြည့်တိုက် added 8 new photos. မှ ကူးယူဖော်ပြသည်။
1 hr ·
ဒီနေ့ ပညာပါရမီစာကြည့်တိုက်ရဲ့ အဆင့်တိုးမြင့်နိုင်ဖို့ ကွန်ပျူတာ ၃၀လုံးထားရှိရန် ကွန်တိန်နာ အဆောက်အဦး အပြီးသတ်ပြုလုပ်တဲ့နေ့မှာ ကိုသန်းခိုင်ကြီးက အခုလို စိတ်ပါလက်ပါ လုပ်အားပေးခဲ့ပါတယ်။
သူ့ကိုမေးကြည့်တော့ သူဘဝမှာ သားကျွေးမှု မယားကျွေးမှုနဲ့သာ အချိန်ကုန်ခဲ့ကြောင်း ၊ သူ့ဘဝတစ်လျှောက်လုံး အခုလို လူသားအကျိုးပြုလုပ်ငန်တွေ ၊ ပညာပါရမီလုပ်ငန်းတွေ မလုပ်ခဲ့ရကြောင်း နောက်လည်း နေ့စဉ်လုပ်ဆောင်လိုကြောင်း ဖြစ်နိုင်ရင် ပညာပါရမီကုသိုလ်ပြုအဖွဲ့ ပညာပါရမီစာကြည့်တိုက်နဲ့ အတူလက်တွဲလိုကြောင်း စသဖြင့်ပြောနေလေရဲ့ သူ့ဘဝမှာ ဒီနေ့ဟာ အပျော်ဆုံးနေ့ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံးနေ့ဆိုပြီး အလုပ်တွေလုပ်ရင်း ချွေးတစ်လုံးလုံးနဲ့ မမောနိုင် မပမ်းနိုင် တစ်တွတ်တွတ်ပြောနေတော့ပါတယ်။
— with Soe Lay Unity and 49 others.
 

0 comments: