ချောက်မြို့နယ်၊ ကူဖြူကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက် စာအုပ်လှူဒါန်းပွဲ




ချောက်မြို့နယ်၊ ကူဖြူကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက် စာအုပ်လှူဒါန်းပွဲ
မကွေး၊ ဒီဇင်ဘာ(၁၇)။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ကူဖြူကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက် သို့ ၁၅-၁၂-၂၀၁၁ နေ့တွင် ရောက်ရှိခဲ့ပါတယ်။ ယင်းစာကြည့်တိုက်မှာ ဖွင့်လှစ်ခဲ့တာ (၄)နှစ်တာ ကာလကြာခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ စတင်ဖွင့်လှစ်ခဲ့စဉ်က အရှိန်အဟုန်ကောင်းမွန်ခဲ့သော်လည်း ယခုအခါ စာကြည့်တိုက်မှာ ယိုယွင်းပျက်စီးနေတာကို မြင့်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းရှင်းမောင် ဦးဆောင် ဖိတ်ကြားချက်ကြောင့် မကွေးတိုင်းဒေသကြီး မကွေးစာနယ်ဇင်းအဖွဲ့က စာအုပ်လှူဒါန်းပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာပေဟောပြောပွဲ ပြုလုပ်ခဲ့တာကို သတင်းရရှိခဲ့ပါတယ်။

၁၅-၁၂-၂၀၁၁ နေ့၊ ည(၇)နာရီမှ ည(၁၁)နာရီအချိန်အထိ၊ ကူဖြူကျေးရွာ၊ ဦးပညာစက္က(တိုင်းသံဃာ့ အကျိုးတော်ဆောင် အဖွဲ့ဝင်) ဘုန်းကြီးကျောင်းမှာ စာအုပ်လှူဒါန်းပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပကြပါတယ်။ ချောက်မြို့နယ် ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဦးသန်းရှင်းမောင် ၊ မကွေးစာနယ်ဇင်း ဒု ဥက္ကဋ္ဌ ရွှေလမ်းငွေလမ်းဝင်းကြည် နဲ့ စာရေးဆရာ တင်လင်းဇော်(အမျိုးသားစာပေဆုရ) တို့ လှူဒါန်းကြသော စာအုပ်များကို ကူဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဝင်း မှ လက်ခံ လှူဒါန်းကြပါတယ်။ သုတ၊ရသစာအုပ်များ၊ ဂျာနယ်များ၊ ကာလတန်ဘိုးငွေငါးသောင်းကျော်ခန့် လှူဒါန်းကြပါတယ်။ ဆရာတင်လင်းဇော်(အမျိုးသားစာပေဆုရ) က ( စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ) ခေါင်းစဉ်၊ ချောက်မြို့နယ် ပြန်/ဆက် ဦးသန်းရှင်းမောင် က (ကူဖြူရွာမှာ သာသောလ) ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ စာရေးဆရာ ရွှေလမ်းငွေလမ်းဝင်းကြည် က ( ကိုယ့်အကြောင်း သူများအကြောင်း နဲ့ ပတ်ဝန်းကျင်က အကြား အမြင်များ) ခေါင်းစဉ်နဲ့ ဟောပြောကြပါတယ်။ လာရောက်နားထောင်တဲ့ ပရိတ်သတ်မှာ ဘုန်းကြီးကျောင်းအပြည့် လူဦးရေ (၅၀၀) ခန့် ရှိကြောင်း သတင်းရရှိခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: