`ဆိပ်ဖြူမြို့မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ (ကိုယ်ပိုင်) ဓာတ်အားခွဲရုံ တည်ဆောက်ဟုသိရ´

ဆိပ်ဖြူမြို့မှာ လျှပ်စစ်ဓာတ်အားကို ယနေ့အထိ ၀ါဇီစက်ရုံ၊ လျှပ်စစ်ဓာတ်အားခွဲရုံမှ ဆက်သွယ်သုံးစွဲနေရကြောင်း လျှပ်စစ်မြို့နယ်အင်ဂျင်နီယာ ဦးစန်းဦးမှ မဇ္ဈိမ ကိုပြောသည်။ ဆိပ်ဖြူမြို့မှာ ယခင်အခါက အင်ဂျင်မီးစက်ကြီးဖြင့် ညအချိန်တွင်သာ (ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ) လျှပ်စစ်ဓာတ်အား ပေးခဲ့ကြောင်း၊ ထို့နောက် ၀ါဇီစက်ရုံတည်ဆောက် ပြီးချိန်တွင် ကျွန်းချောင်း၊ ၀ါဇီစက်ရုံဓာတ်အားလိုင်း မှ ဆက်သွယ်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့ကြောင်း၊ ဤကဲ့သို့အခြားလိုင်းမှ လျှပ်စစ်သုံးစွဲခဲ့ရာတွင် ဆိပ်ဖြူမြို့တွင်းမှာ လိုအပ်သလောက် လျှပ်စစ် ဓာတ်အား သုံးစွဲဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ဆိပ်ဖြူမြို့တွင်းလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ကီလို (၁၀၆၅)ခန့်ရှိကြောင်း၊ ၎င်း ကီလိုအထိ အပြည့်အ၀ လျှပ်စစ်ဓာတ်အား အပြည့်အ၀ အသုံပြုနိုင်ကြောင်း၊ ကီလို(၉၀၀)မှ(၁၀၀၀)ခန့်သာ အသုံးပြုနိုင်ကြောင်း ဦးစန်းဦးမှပြောသည်။ ယခင်ကာလများတွင် ကျွန်းချောင်း၊ ၀ါဇီစက်ရုံလိုင်းမှ မီးအားမနိုင်၍ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးမြင့်စိုး မှပြောသည်။ ထို့ကြောင့် ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆိပ်ဖြူမြို့တွင် (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ အား ဆိပ်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်း၌ တည်ဆောက်ရန် စီစဉ်ဆောက်ရွက်နေပြီဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ကိုယ်ပိုင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးလျှင် ၀ါဇီစက်ရုံ ဓာတ်အားခွဲလိုင်းမှ မယူတော့ကြောင်း၊ ချောက်မြို့မဟာဓာတ်အားခွဲရုံမှ ယခင် မုန်းစီမံကိန်းသို့သွယ်တန်းထားသော ယခင်လိုင်းရှိကြောင်း၊ ၎င်းလိုင်းနှင့် ချိတ်ဆက်ထားသော တညောင်မြစ်ရေတင် စီမံကိန်း ဓာတ်အားခွဲရုံလိုင်းမှ ဆက်သွယ်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာလကုန်မှာ လုပ်ငန်းများပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊ ယခု(၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံပြီးလျှင် ဆိပ်ဖြူမြို့အပြင် ကျေးရွာများအထိ(လျှပ်စစ်ဓာတ်အား ဆက်သွယ်အသုံးပြုလိုလျှင်) လျှပ်စစ်ဓာတ်အားများကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ဤ လုပ်ငန်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ငွေစာရင်းဖြင့် ကျခံသုံးစွဲထားခြင်း ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစန်းဦး မှ မဇ္ဈိမ သို့ ပြောသည်။ ၀ိုင်းအောင်
 

0 comments: