`မကွေးမြို့ ၀ါဂွမ်းကျေးရွာ ရန်အောင်မြင်ကျောင်းမှ ဘ/က မူလတန်းကျောင်း အတွက် ငွေကျပ်သိန်း(၅၀) ငွေပသာပင်အလှူပွဲ´

နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ၀ါဂွမ်းကျေးရွာ ရန်အောင်မြင်ကျောင်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ငွေကျပ်သိန်း(၅၀) ငွေပသာပင်အဖြစ် လှူဒါန်းကြောင်း မဇ္ဈိမက သတင်းရရှိပါသည်။ ၎င်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ (၁၁-၆-၂၀၁၂) နေ့တွင် ဘ/က မူလတန်းကျောင်းဖွင့်ခွင့်ရရှိခဲ့သည်ဆို၏။ ထို ၀ါဂွမ်းကျေးရွာတွင် အစိုးရမူလတန်းကျောင်းမရှိ၍ သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဦးကောဝိဒ မှ ဘ/ကမူလတန်းကျောင်းဖွင့်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်ဆို၏။ ထိုကျောင်းတွင် မူလတန်းကျောင်းသူ/သား (၈၀)ရှိ၍ ဆရာ ဆရာမ(၄)ဦး၊ အကူဆရာမ(၁)ဦးတို့ဖြင့် ကလေးများအတွက် ကျူရှင်လွတ် အချိန်ပြည့် သင်ကြားပေးကြောင်း သိရသည်။ ထိုကျောင်းအား မကွေးမြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များနှင့် မကွေးမြို့နယ်NLD ပါတီဝင်များကလည်း စုပေါင်း၍ ကူညီပံ့ပိုးလှူဒါန်းကြောင်းသိရသည်။ ဆရာတော် ဦးကောဝိဒ ၏ ဘ/ကမူလတန်းကျောင်းလေးမှာ ဆင်းရဲနွမ်းပါးသူကျောင်းသား/သူလေးများ များပြားစွာဖြင့် ချို့ငဲ့စွာ သင်ကြားပို့ချပေးနေရနေရကြောင်း ပြည်တွင်း/ပြည်ပမှ ရုပ်/သံမီဒီယာသတင်းများနှင့် ဂျာနယ်များတွင် ဖော်ပြထားခဲ့ပါသည်။ ထို ဖော်ပြပေးသော သတင်းမီဒီယာများမှ တဆင့်မြင်တွေ့လိုက်ရ၍ ၎င်းဘ/က မူလတန်းကျောင်းအတွက် ငွေပဒေသာပင်သိန်း(၅၀)ကျပ်အား လှူဒါန်းရေစက်ချပွဲဟု သိရသည်။ အလှူရှင်များမှာ ရန်ကုန်မြို့နေ ဦးအေးကို+ဒေါ်နုနုခင်နှင့် သား သမီးမြေးများ (မြန်မာကိုင်ဒိုကုမ္ပဏီ)မှ ဆက်သွယ်လှူဒါန်းကြောင်း၊ ဦအေးကို၏ ကိုယ်စား သား ဦးဇော်မင်းဦး မှ လာရောက်၍ ရေစက်ချလှူဒါန်းပွဲကျင်းပကြောင်းကို ဧကမ္ဘာအိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဦးလှဆန်း က မဇ္ဈိမ သို့ပြောသည်။ မှတ်ချက်။ ။ ၎င်း ဘ/က မူလတန်းကျောင်းအား လှူဒါန်းလိုပါလျှင် ဦးကောဝိဒ ဖုန်း( ၀၉-၄၀၁၅၉၄၇၄၉) သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ပါသည်။ ၀ိုင်းအောင်
 

0 comments: