`ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာတွင် ဆီတွဲရထားတိမ်းမှောက်၍ သေဆုံးသူ(၆၀)ဦးထိ ရှိပြီ..ဟု သိရ´

နိုဝင်ဘာ(၉)ရက်နေ့က ချပ်ကြီးဘူတာတွင်သေဆုံးခဲ့သူ(၂၅)ဦးနှင့် နိုဝင်ဘာ(၂၀)ရက်နေ့အထိ ကန့်ဘလူဆေးရုံရှိ ပြင်းထန်စွာဒဏ်ရာရသူ လူနာများမှ သေဆုံးသွားသူပေါင်း(၃၁)ယောက်သေဆုံးပြီဖြစ်ကြောင်း၊ ကန့်ဘလူဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ထားသော မီးလောင်ဒဏ်ရာရသူလူနာ(၂၀)ဦးမှ (၄)ဦးသေဆုံးကြောင်း၊ ထို့ကြောင့် နိုဝင်ဘာ(၂၀)နေ့ထိ သေဆုံးသူစုစုပေါင်း(၆၀)ဦးထိသေဆုံးသွားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ မီးလောင်သော လူနာများမှာ ရက်ရှည်၊လများကုသပေးရမည့် သူများဖြစ်ကြောင်းသိရသည်၊ သို့ပါ၍ ကန့်ဘလူဆေးရုံတွင် တစ်နေ့လျှင်ဆေးဝါးများ သိန်းပေါင်းများစွာဖြင့် ၀ယ်ယူ အကုန်ကျခံသုံးစွဲနေရ၍ ပြည်တွင်း၊ ပြည်ပရှိ အနယ်နယ်အရပ်ရပ်မှ ဆေးဘိုးငွေအလှူရှင်များ လိုအပ်နေပါကြောင်း လှူဒါန်းလိုသူများ ကန့်ဘလူဆေးရုံအုပ် ဖုန်း (၀၇၅-၂၇၀၁၃)၊ ဦးမင်းကြည်ဦး ဖုန်း(၀၉-၆၈၀၈၈၅၀)၊ ဒေါက်တာလှိုင်မြင့်ဟန် (၀၉-၄၇၀၆၆၇၁၃) နှင့် ဦးဇော်လင်းထွန်း (၀၉-၆၄၆၆၂၃၂) တို့ထံ ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း မဇ္ဈိမ က စုံစမ်းသိရှိရသည်။ ၀ိုင်းအောင်
 

0 comments: