`မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ တန်ဘိုးနည်းဝန်ထမ်းအိမ်ရာ/တိုက်ခန်းများ ဆောက်လုပ်ရန် မဖြစ်နိုင်သေး ဟုသိရ´

မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာများရှိ ၀န်ထမ်းအိမ်ရာမရ၍ အခက်အခဲရှိသော ၀န်ထမ်းစာရင်းများအား သက်ဆိုင်ရာဌာနများ သို့ စာရင်းတောင်းယူနေကြောင်း၊ အချို့ဌာနဆိုင်ရာ ၀န်ထမ်းများမှာ ဌာနတွင်းမှ အိမ်ရာများတွင် နေစရာအိမ်ခန်း၊ တိုက်ခန်းမရကြ၍ မိမိအစီအစဉ်ဖြင့် ပြင်ပတွင် အဌားနေထိုင်ကြရကြောင်း၊ ထို့ကြောင့် ၀န်ထမ်းအိမ်ခန်း မရသော ၀န်ထမ်းများမှာ မိမိတို့သက်ဆိုင်ရာဌာနများသို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စာရင်းတောင်းဆို မေးမြန်း၍ဆောက်လုပ်ပြီး ချထားပေးမည်ဖြစ်တဲ့ တန်ဘိုးနည်းဝန်ထမ်းတိုက်ခန်းများ အားစောင့်မျှော် နေကြကြောင်း၊ ၀န်ထမ်းများမှာ ပင်စင်မယူမီနေစရာရှိသော်လည်း ပင်စင်အနားယူသွားလျှင် များသောအားဖြင့် နေရေးအခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း၊ ၀န်ထမ်းများအား အရစ်ကျစနစ်ဖြင့် တန်ဘိုးနည်းအိမ်ရာ/တိုက်ခန်းများ အပိုင်ပေးမည်ဆိုလျှင် အိုးပိုင်း အိမ်ပိုင်ဖြစ်၍အဆင်ပြေပြီး ၀မ်းသာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မကွေးမြို့မှာ ဘယ်မြေနေရာ၌ တန်ဘိုးနည်းဝန်ထမ်းတိုက်ခန်းများ ဘယ်နှစ်ထပ်ဆောက်၍ ဘယ်အချိန် ဘယ်ကာလတွင် အရစ်ကျစနစ်ဖြင့် နေရာချထားပေးကြမည်လည်းဟု ဌာနဆိုင်ရာဝန်ထမ်းများက သိလို၍ စောင့်မျှော်သတင်းမေးမြန်းသံများ ကို မြန်မာပို့စ်က ကြားသိနေရ၍ မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးမှူးထံသို့ သွားရောက်တွေ့ဆုံ သတင်းရယူခဲ့ပါသည်။ အဆိုပါကိစ္စအား သိရှိလိုကြသော ၀န်ထမ်းများအတွက် (၁၂-၁၀-၂၀၁၂) နေ့ နေ့လည်(၂)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ပြည်တော်သာတိုက်တန်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ တိုင်းသေကြီးဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံ သို့ တွေ့ဆုံမေးမြန်းခဲ့ ပါသည်။ ``ကျမတို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနချုပ်ရုံး၊ ဆောက်လုပ်ရေးဌာန ပြည်ထောင်စုဝန်ကြီးက (၁၅)နှစ်အတွင်းမှာ မြန်မာတစ်ပြည်လုံးရှိ ၀န်ထမ်းတွေအတွက် တန်ဘိုးနည်းဝန်ထမ်းအိမ်ရာရော၊ တိုက်ခန်းတွေရော အဆောက်အဦး၊ အခန်းပေါင်း(၁)သန်းကို ဆောက်လုပ်မယ့် စီမံချက်ရှိကြောင်း စာထွက် အကြောင်းထားပါတယ်၊ ဒါကြောင့် မြန်မာတစ်ပြည်လုံးမှာ ၀န်ထမ်းတိုက်ခန်း/အိမ်ရာလိုချင်တဲ့ ၀န်ထမ်းစာရင်းများကို(Data) ကောက်ယူခိုင်းလို့ မကွေးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာတွေကို စာထွက်ပြီး စာရင်းကောက်နေတုန်းဘဲရှိပါသေးတယ်။ အဲဒီစာရင်းတွေရရင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးချူပ်ကို ပြန်တင်ရမှာပါ။ အဲဒီတော့မှ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့ကြီးတွေမှာ ၀န်ထမ်းတွေအတွက် လိုအပ်ချက်စာရင်းအလိုက် အိမ်ရာ/တိုက်ဘယ်နှစ်လုံး၊ တိုက်ခန်းဘယ်လောက် ဆောက်ရမယ်လို့ ညွှန်ကြားပေးမယ်လို့ထင်ပါတယ်။ အိမ်ရာ/တိုက်ခန်းတွေကို ၀န်ထမ်းတွေထံ အပိုင်ပေးမလား၊ လခနဲ့ ပေးမလားဆိုတာ လဲ မသိရသေးပါဘူး။ တန်းဘိုးလည်း မသိရသေးပါဘူး။ စာရင်းကောက်ယူတဲ့ အဆင့်ဘဲရှိပါသေးတယ်။ စောစောကပြောသလို မကွေးမြို့မှာ တန်ဘိုးနည်းဝန်ထမ်းအိမ်ရာ/တိုက်ခန်းများဆောက်လုပ်ရန် လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူးရှင်…´´။ ဟု မကွေးတိုင်း ဒေသကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြင့်မြင့်အေး မှ မြန်မာပို့စ် ကို ပြောသည်။ ၀ိုင်းကြည်အောင်
 

0 comments: