ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ တပ်မတော် ထွက်မယ် ... လူထုခေါင်းဆောင်ကို ဝန်းရံမယ်

Aung Kyawkyaw shared Kamayut Media's photo. မှ ကူးယူဖော်ပြသည်။
20 hrs ·
BREAKING NEWS:
ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ တပ်မတော် ထွက်မယ် ... လူထုခေါင်းဆောင်ကို ဝန်းရံမယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ၅နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုတာကြောင့် ထာဝရငြိမ်းချမ်းရေးဖြစ်လာခဲ့ရင် လွှတ်တော်ထဲကနေ တပ်မတော်အစုအဖွဲ့ ၂၅% ထွက်သွားမလားဆိုတဲ့ မေးခွန်းကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အားလုံးအဆင်ပြေခဲ့ရင် ပြည်သူလူထုလိုလားတဲ့အတိုင်း ဖြစ်စေရမယ်လို့ ဖြေခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းက "အစ်မရေ ဒီ ၅နှစ်အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်" လို့ပြောခဲ့တယ်၊ ဒါကို သူ[ဒေါ်အောင်ဆန်းစုကြည်]ကလည်း လက်ခံတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွက်ကောင်းတာလုပ်သမျှကို တပ်မတော်အနေနဲ့ ဝန်းရံမယ်လို့ သတင်းမီဒီယာတွေန့ တွေ့ဆုံပွဲ အဆုံးသတ်မှာ ပြောခဲ့ပါတယ်။
(ဓာတ်ပုံ - ကမာရွတ်မီဒီယာ)
Kamayut Media
21 hrs ·
 

0 comments: