ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ ကိုကျော်သူမှ ထပ်ဆင့်မျှဝေ

Kyaw Thu with Ye Naung and 13 others. မှ ကူးယူဖော်ပြသည်။
11 hrs ·
ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ
"လူတွေဓမ္မအားနည်းလာပြီဆိုရင်လောကကြီးက ပထဝီအာပေါဝါယောတေဇောဆိုတဲ့ မြေရေလေမီးဓာတ်ကြီးလေးပါးနဲ့ လှောင်ပြောင်တယ်၊ ပမာမခန့်လုပ်တယ်၊ ပျက်ရယ်ပြုတယ်။ မြေငလျင်တွေလှုပ်တယ်, ရေတွေကြီးတယ်, လေတွေတိုက်တယ် မိုးသီးတွေကြွေတယ်, မီးတွေလောင်တယ်။ ဒါတွေကလူတွေဓမ္မအားနည်းလို့ဖြစ်တာပါ၊ ဒါကြောင့် ဓမ္မအားကောင်းအောင်လုပ်ကြ၊ နေ့တိုင်းဒါန,သရဏဂုံ,မေတ္တာ,သီလ,သမာဓိ, ပညာစတဲ့ဓမ္မတွေတစ်ခုမဟုတ်တစ်ခုရအောင် လုပ်ကြ၊ ဓမ္မဆိုတာလောကကိုအနိုင်ယူဖို့ ပေါ်လာတာလို့သြ၀ါဒဟောကြားထားတယ်။
အဲဒီလိုလောကကိုအနိုင်ရဖို့လူ့ကျင့်ဝတ် လူ့သီလကိုစောင့်ထိမ်းကြဖို့လိုအပ်တယ်။
ဒီတော့ အရက်မသောက်ကြပါနဲ့။ ဖြတ်ပြီးလို့စိတ်ဓါတ်တွေခြောက်ခြားနေရင်ကျွန်တော်နဲ့တွေ့ပြီးမှန်ကန်မှု လမ်းကြောင်းကိုပြမယ်။ ဘ၀ရဲ့လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနိုင်ရမယ်။
ရန်ကုန်ပြန်ရောက်ရင်အဲဒီပြန်လည်ပျိုးထောင်ရေးလုပ်ငန်းကိုစတော့မယ်။
အရက်သမားများအရက်ဖြတ်ကြပြီးကျွန်တော်နဲ့တွေ့ဆုံဖို့ပြင်ဆင်ထားကြပါလော့ဟုတိုက်တွန်းလိုက် ရပါတော့သည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ ကိုကျော်သူမှ ထပ်ဆင့်မျှဝေ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, May 4, 2016. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ ကိုကျော်သူမှ ထပ်ဆင့်မျှဝေ
 

0 comments: