အယ်နီညို နွေရာသီနဲ့ အပူလျှပ်၍ လေဖြတ်ခြင်း

အယ်နီညို နွေရာသီနဲ့ အပူလျှပ်၍ လေဖြတ်ခြင်း
**********************************
အယ်နီညို နွေရာသီ၏ ပြင်းထန်လှသော အပူရှိန်ကြောင့် လူကြီးများရော လူငယ်များပါ အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးတက်ခြင်း အစရှိသည့် ရောဂါ ဝေဒနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ထိုအထဲတွင် အပူလျှပ်၍ လေဖြတ်သည့်ရောဂါ (Heat Stroke) ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများသို့ ရောက်လာကြသည့် လူနာ ရာကျော်နေပြီဖြစ်သည်။ ထိုရောဂါဘေးမှ အတတ်နိုင် ဆုံးကင်းဝေးစေရန်အလို့ငှာ အပူချိန်များသောအခြေအနေမျိုး တွင် လုပ်ဆောင်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စိမ်းမြမြအေးနှင့် တွေ့ဆုံ ကာ မေးမြန်း ဖော် ပြလိုက်ရပါသည်။
အပူရှိန် လွန်ကဲရင် ဖြစ်တတ်တဲ့Heat Stroke ဆိုတာ ဘယ်လိုမျိုး ပါလဲ။ ဘယ်ကစပြီးဖြစ်တတ်တာလဲ ဆိုတာ အများပြည်သူ သိအောင် ရှင်းပြပေးပါဦး။
လူတစ်ယောက်ရဲ့ ကိုယ်တွင်း အပူချိန်( Core Temperature ) ဟာ ပုံမှန်အားဖြင့် ၉၈ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်ရှိပါတယ်။ ဒီအပူ ချိန်ဟာ ခန္ဓာကိုယ်ထဲက ဆဲလ်၊ ကလာပ်စည်းတွေ ပုံမှန်လည်ပတ် နိုင်ဖို့အတွက် အကောင်းဆုံးအပူ ချိန်ဖြစ်တယ်။ ဒီလိုပုံမှန်အပူချိန်ကို ထိန်းထားနိုင်ဖို့ အဓိက လုပ်ပေး တာက ဦးနှောက်အတွင်းမှာရှိတဲ့Hypothalamus လို့ခေါ်တဲ့ အင်္ဂါ ဖြစ်တယ်။ ရာသီဥတုပတ်ဝန်းကျင် အပူအအေး အပြောင်းအလဲ ရှိပေ မယ့် ပုံမှန်ကိုယ်တွင်း အပူချိန်ရ အောင် ခန္ဓာကိုယ်ထဲက ကလာပ် စည်းတွေက အဆင့်ဆင့်ဆောင် ရွက်ပေးတယ်။ အဲဒါကို အပူချိန် ထိန်းချုပ်ခြင်း (Thermoregu- lation) လို့ခေါ်ပါတယ်။ ပတ်ဝန်း ကျင်ရဲ့အပူချိန် ၃၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် (သို့) ၉ဝ ဒသမ ၅ ဖာရင်ဟိုက် အထက်တက်လာတဲ့ အခါ (သို့) လေ့ကျင့်ခန်းလုပ်စဉ် ကိုယ်အပူချိန် မြင့်တက်လာတဲ့အ ခါ ချွေးထွက်ခြင်းဖြင့် ကိုယ်တွင်း အပူချိန် လျော့သွားဖို့ ဆောင်ရွက် ပေးတယ်။ ဒါပေမဲ့ ထိန်းထားနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွား တဲ့အခါ ကိုယ်တွင်းအပူချိန် မြင့် တက်ပြီးတော့ အပူချိန်မြင့်တက် ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါ တွေကို ခံစားကြရတာ ဖြစ်ပါတယ်။
ကိုယ်အပူချိန် မြင့်တက်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ တခြားရောဂါတွေ ရော ရှိပါသေးလားရှင်။
ကိုယ်အပူချိန် မြင့်တက်ခြင်း ကြောင့် ရနိုင်တဲ့ရောဂါ အမျိုးအ စားတွေကတော့ အပူကြောင့် ဖော ယောင်ခြင်း(Heat oede ma)၊ အပူ ကန်၍မိတ်ထွက်ခြင်း(Heat Rash/ Prickly Reat)၊ အပူကြောင့် ကြွက် တက်ခြင်း (Heat Cramps)၊ အပူ လွန်၍ သတိလစ် / မူးလဲခြင်း (Heat syncope)၊ အပူလွန်၍ ခြေကုန် လက်ပန်းကျခြင်း (Heat Exhaustion) နှင့် အပူလျှပ်၍ လေ ဖြတ်ခြင်း (Heat Exhaustion) တို့ ဖြစ် ပါတယ်။
အပူလျှပ်လို့ လေဖြတ်တဲ့(Heat Stroke) ဘယ်လိုအချိန်ရာသီမှာအဖြစ်များပြီး ရောဂါဖြစ်နိုင်တဲ့ အ သက်အရွယ် အပိုင်းအခြား ကရော ဘယ်အရွယ်တွေမှာ အဖြစ်များပါ သလဲ။
ပတ်ဝန်းကျင် အပူချိန်မြင့်တဲ့ အချိန် (နွေရာသီနှင့်အပူလှိုင်းဖြစ် တဲ့အချိန်) တို့မှာ အဖြစ်များပါ တယ်။ ကလေးတွေနဲ့သက်ကြီးရွယ် အိုတွေမှာ အဖြစ်များတာ တွေ့ရ ပါတယ်။ နာတာရှည်ရောဂါလူနာ၊ နှလုံးရောဂါရှိသူ၊ ချွေးထွက်ခြင်း ထိန်းချုပ်မှုဆိုင်ရာ အားနည်းတဲ့ ရော ဂါရှိသူ၊ အပူချိန်ထိန်းချုပ်မှုကို ထိခိုက်စေနိုင်တဲ့ဆေးတွေ (ဥပမာ စိတ်ငြိမ်ဆေး၊ ဆီးဆေး၊ အရက်၊ စိတ်ကြွဆေး) သောက်ထားတဲ့ သူ တွေမှာလည်း အဖြစ်များတတ်ပါ တယ်။ ဗိုင်းရပ်ပိုးကြောင့် ဖျားနာ နေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အဝလွန်ခြင်း၊ အိပ်ရေးပျက်ခြင်း တို့ကလည်းHeat Stroke ဖြစ် ပွားဖို့ လှုံဆော်နိုင်တဲ့အကြောင်း ရင်းတွေ ဖြစ်ပါတယ်။
ရောဂါဖြစ်တဲ့ပုံစံအလိုက်ကွဲလွဲနိုင်တဲ့ရောဂါလက္ခဏာပုံစံလေးတွေ ကရော ဘယ်နှစ်မျိုးလောက် ရှိပါ သလဲရှင့်။
Heat stroke မှာ classic or non-exertional heat stroke နဲ့ exertional heat stroke ဆိုပြီး (၂)မျိုးရှိပါတယ်။ အများသိကြတဲ့ အ ပူလျှပ်ပြီးလေဖြတ်ခြင်းက Classic or non-exertional heat stroke ဖြစ်ပါတယ်။ Non-exertional heat stroke ရဲ့ အဓိက လက္ခ ဏာ တွေကတော့ ခန္ဓာကိုယ်အပူချိန် (၄၁) ဒီဂရီ စင်တီဂရိတ်သို့ (၁ဝ၆) ဒီဂရီဖာရင်ဟိုက်နှင့်အထက် အပူ ချိန်တက်ခြင်း၊ ချွေး ထွက် နည်းခြင်း (သို့မဟုတ်) ချွေးလုံးဝမထွက်ခြင်း၊ သတိလစ်မေ့မြောခြင်းတို့ ဖြစ်ပါ တယ်။ သတိလစ်တဲ့အဆင့် မ ရောက်ခင် မှိန်းခြင်း၊ ကယောင်က တမ်းဖြစ်ခြင်း၊ မငြိမ်မသက်ဖြစ် ခြင်း၊ စိတ်အာရုံချောက်ချားခြင်း၊ တက်ခြင်း၊ စကားဗလုံးဗထွေး ဖြစ် ခြင်း တို့လည်း ဖြစ်နို င်ပါတယ်။ အခြားသော လက္ခဏာနဲ့ နောက် ဆက်တွဲ လက္ခဏာတွေကတော့ နှလုံးခုန်မြန်ခြင်း၊ နှလုံးအားနည်း သည့် လက္ခဏာများဖြစ်ေ ပ်ါခြင်း၊ သွေးပေါင်ချိန် ကျခြင်း၊ သွေးဝမ်း သွားခြင်း၊ြ<ွကက်သားရောင်ရမ်း ခြင်း၊ အသည်းနှင့် ကျောက်ကပ် ပျက်စီးခြင်း၊ သွေးလွန်ခြင်းတို့ လည်း ဖြစ်နိုင်ပါတယ်။Exertional Heat Stroke အမျိုးအစားကတော့ အသက်ငယ်ပြီး ကျန်းမာရေး ကောင်းသောသူများ အားကစား (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားမှု ကို ပူအိုက်သောရာသီမှာ ပြင်း ထန်စွာ ပြုလုပ်ခြင်းကြောင့်ဖြစ်တာ တွေ့ရပါတယ်။ ဒီံHeat Stroke အမျိုးအစားမှာလည်း ကိုယ်အပူ ချိန်မြင့်တက်ခြင်း၊ ကယောင်က တမ်းဖြစ်ခြင်း၊ သတိလစ်သွားခြင်း တို့ ဖြစ်နိုင်ပါတယ်။ ခုနက အများ သိတဲ့Heat Stroke နဲ့ ကွာခြား ချက်ကတော့ ဒီအမျိုးအစားမှာ ချွေးထွက်များခြင်းကို တွေ့ရတယ်။Heat Stroke မရခင်အဆင့်မှာ လူ နာဟာ ဗိုက်နာခြင်း၊ အော့အန် ခြင်း၊ ဝမ်းသွားခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခြေလက်တွေ မသယ်ချင်ဖြစ်ခြင်း၊ သတိလစ် ခြင်း တို့ ဖြစ်နိုင်ပါတယ်။
Heat stroke မဖြစ်အောင် ဘယ် လိုနေထိုင် လုပ်ဆောင် သင့်ပါသ လဲ။
ကြိုတင် ကာကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။Heat Stroke အဆင့်မရောက်ခင် အပူ ကြောင့်ဖြစ်တဲ့ လက္ခဏာတွေရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ကြို တင်ဆေးကုသမှုခံယူဖို့ အရေးကြီး ပါတယ်။ အပူဒဏ်မခံရအောင် နေပူထဲကို အချိန်ကြာမြင့်စွာ
ထွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အ ရိပ်ရ၍ အေးသော၊ လေဝင်လေထွက် ကောင်းမွန်သော နေရာတွင် နေထိုင်ခြင်း၊ ရေ ဓာတ်ခန်းခြောက် ခြင်းမှကာကွယ်ရန် ရေများများ သောက်ခြင်းတို့ ပြုလုပ်ကြရန် လို အပ်ပါတယ်။
ရောဂါဖြစ်ပွားတဲ့ လူနာတွေကို ဘယ်လို ပြုစုကုသရပါသလဲ။
Heat Stroke ဖြစ်ရင် အဓိက အရေးကြီးတဲ့ ကုသမှုကတော့ ကိုယ်တွင်း အပူချိန်ကို မြန်မြန်ချ ပေးခြင်းဖြစ်တယ်။ လူနာကို စတွေ့တဲ့ အချိန်ကစပြီး တတ်နိုင် သလောက် ရှေးဦးသူနာပြုနည်း များနဲ့ အပူချိန်လျော့ကျအောင် လုပ်ပေးပြီး နီးစပ်ရာ ဆေးရုံကို အ မြန်ဆုံးပို့ရပါ မယ်။ တင်းကျပ် သော အဝတ်အစားများကို ဖြေ လျှော့ခြင်း၊ ခန္ဓာကိုယ်ကို ရေဖြန်း ပေးခြင်း၊ ရေခဲရေစိမ်ထားသော အဝတ်စများ၊ စောင် များဖြင့်ခြုံ ပေးခြင်း၊ ချိုင်းနဲ့ပေါင်ခြံတို့မှာ ရေခဲကပ်ပေးခြင်း စတာတွေကို အမြန်လုပ်ပေးရပါမယ်။ လူနာရဲ့ အရေပြားကို ရေနဲ့စိုစွတ်အောင် ပြုလုပ်ပြီး ပန်ကာဖွင့်ပေးခြင်း (သို့) ယပ်ခတ်ပေးခြင်း၊ ရေအေး ကန်ထဲတွင် စိမ်ခြင်း တို့ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ်တွင်း အပူချိန်ကို ၃၉ ဒီဂရီ စင်တီဂရိတ် (သို့) ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက်သို့ အမြန်ဆုံးလျော့ကျအောင် ပြုလုပ် ပေးရပါမယ်။ Drip သွင်းပြီး ရေ ဓာတ်ပြန်ဖြည့်ခြင်း၊ အောက်စီဂျင် ရှုစေခြင်း၊ နောက်ဆက်တွဲဖြစ်ပွား တတ်သော လက္ခဏာများကို စောင့်ကြည့်ကုသခြင်းတို့ လုပ်ပေး ရပါမယ်။ သတိထားရမယ့် တစ် ချက်ကတော့ ဖျားရင်ကိုယ်ပူချိန် ကျအောင် အသုံးပြုတတ်တဲ့ အ ကိုက်အခဲပျောက်ဆေးတွေ၊ ပါရာ စီတေ မာလ်လို ကိုယ်ပူကျဆေး တွေကို မပေးသင့်ပါဘူး။ ရောဂါ လက္ခဏာ ပြင်းထန်မှု အလိုက် သက်ဆိုင်ရာ အထူးကု ဆရာဝန် တွေနဲ့ တိုင်ပင်ပြီး ကုသမှုပေးသင့်ပါ တယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ဒီ နှစ်လို ထူးခြားစွာ အပူချိန်များတဲ့ အချိန်မှာ အပူကြောင့်ဖြစ်ပွား နိုင် တဲ့ လက္ခဏာတွေ၊ ဆောင်ရန် ၊ ရှောင် ရန်တွေကို သိရှိလိုက်နာပြီး မိမိနဲ့ နီးစပ်ရာ ပတ်ဝန်းကျင်က လူ တွေကိုလည်း လက်ဆင့်ကမ်း ပညာ ပေးခြင်းတို့ကို ဆောင်ရွ က်ပေးခြင်း ဖြင့် အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါများမှ ရှောင်ရှားနိုင်ကြပါ စေလို့ ပြောကြားချင်ပါတယ်။
Popular
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စိမ်းမြမြအေးနှင့် တွေ့ ဆုံမေးမြန်းခြင်း

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel အယ်နီညို နွေရာသီနဲ့ အပူလျှပ်၍ လေဖြတ်ခြင်း ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 14, 2016. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အယ်နီညို နွေရာသီနဲ့ အပူလျှပ်၍ လေဖြတ်ခြင်း
 

0 comments: