ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများတွေ့ဆုံ


မကွေး မေ ၁၈
မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲက ပြည်ထဲရေး ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာများတွေ့ဆုံပွဲ အခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား တင်ပြခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သြ၀ါဒစကား မြွက်ကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီး အတွင်းရှိ တပ်ဖွဲ့၊ဦးစီးဌာနများ သို့ ထောက်ပံ့ငွေပေးအပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်းမှ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဆွေ သို့လည်းကောင်း၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ ထောက်ပံ့ငွေအား ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင့်အောင်မှ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြင့်လွင် သို့လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ထောက်ပံ့ငွေအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးမိုးသန့်ဇင်မှ မကွေးတိုင်း ဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းညွန့် သို့လည်းကောင်း၊ အကျဉ်းဦးစီးဌာနမှ ထောက်ပံ့ငွေအား အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်နိုင်လင်းမှ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်လွင် သို့လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ထောက်ပံ့ငွေအား ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းမှ မကွေးတိုင်း ဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် ထံသို့လည်းကောင်း အသီးသီးပေးအပ် ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တက် ရောက်လာသည့် တပ်ဖွဲ့၊ဦးစီးဌာန၀န်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံကာ နှုတ်ဆက် အားပေးစကားပြောကြားသည်။
သန်းနိုင်ဦး(ငဖဲ)
 

0 comments: