''ဒုန်းးဒုန်းးးကိုဇွဲနိုင်ဝင်းးး

Honey Myo Htut ''ဒုန်းးဒုန်းးးကိုဇွဲနိုင်ဝင်းးး
=================
အမှန်တရားဆိုတာ ဒီလိုဖြစ်နေရမယ်
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုဝေဖန်လိုက်တဲ့ဇွဲနိုင်ဝင်း
''ခုလက်ရှိ တိုင်းပြည်ကို တာဝန်ယူ ထားတဲ့ သူတွေကို ပြောချင်တာက ခင်ဗျားတို့ နဲနဲလောက်တော့ တွေးပါ ဘာလုပ်သင့်တယ်ဆိုတာကို ။ခုခင်ဗျားတို့ လုပ်နေတာ နိုင်ငံတော်ကို အုပ်ချုပ် တိုးတက်ဖို့ ဆိုပြီး ဘာမှ ထိထိရောက်ရောက်မလုပ်ပြနိုင်သေးပဲ ဘာမဟုတ်တဲ့ အသေးအမွှားတွေနဲ့ လုပ်ကွက်ပြနေသလို ဖြစ်နေတယ်ဗျ။ညဘက် ဆိုင်တွေဖွင့်တယ်ဆိုတာ လာစားတဲ့သူတွေရှိလို့ဖွင့်တာပါ။အေး လာစားတဲ့သူတိုင်းကလဲ သောင်းကျန်းဆိုးသွမ်းတဲ့သူတွေချည်းပဲမဟုတ်သလို ညပိုင်း အလုပ်ဆင်းရသူတွေ ညဘက် ကားမောင်းပြီး ဝမ်းရေးအတွက်ရှာရတဲ့သူတွေ အလွှာအမျိုးမျိုးက လူတန်းစားအမျိုးမျိုးပါတယ်ဗျ။ခင်ဗျားတို့ က အဓိက နဲ့ သာမညကို မခွဲပဲ လုပ်ကွက်ပြတဲ့အနေနဲ့ ဘာမှ မဖြစ်စလောက်တွေနဲ့ လုပ်ပြနေသလိုပဲ။အရင်ဆုံး ခင်ဗျားတို့ လုပ်ပေးစေချင်တာက ထမင်းနပ်မှန်အောင် မစားရတဲ့သူတွေ နပ်မှန်အောင် စားနိုင်ဖို့ နေစရာမရှိတဲ့သူတွေကို ဘယ်လို အဆင်ပြေအောင်လုပ်ပေးရမလဲ အလုပ်မရှိတဲ့သူတွေကို ဘယ်လို အလုပ်လုပ်လို့ရအောင် လုပ်ပေးရမလဲ ။ဒါတွေကို အရင်လုပ်သင့်တယ်ဗျ။ခုဟာက ခင်ဗျားတို့ရောက်လာမှပဲ မကြုံဘူးတာတွေ မခံစားဘူးတာတွေ ခံစားကြုံရတော့တယ်ဗျာ။ မီးတောင် ပုံမှန်လာအောင်မလုပ်နိုင်ပဲနဲ့ အကြီးကြီးတွေမပြောနဲ့ဗျာ။ပါးစပ်ကပြောပြီးပြောင်းလဲတာလောက်ကတော့ ရပ်ကွက်ဆယ်အိမ်မှူးအဆင့်လောက် ဓမ္မာရုံ လူကြီးအဆင့်လောက်ပဲရှိတယ်ဗျ။ ခင်ဗျားတို့ဟာ အာဏာမရခင်ကတော့ ဆွယ်လိုက်တဲ့မဲ၊ ခင်ဗျားတို့ မဆွယ်လဲ ပြည်သူတွေက ဘာလုပ်ရမယ်ဆိုတာသိပြီးသားပါဗျ။မရခင်ကတော့ မရသေးလို့ ဟိုဟာမလုပ်ပါနဲ့၊ ဒီလိုမလုပ်ပါနဲ့ စာတွေ ရေး၊ ဟောပြောပွဲတွေမှာပြော။ရလဲရသွားရော ဘာမှ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်မျိုးနဲ့ စပြီးတာထွက်လာတယ် ။သင်္ကြန်လိုကိစ္စမှာ သင်္ကြန်မှာစီးပွားရှာပြီး ကျောင်းပြန်ဖွင့်ချိန်ကျောင်းစားရိတ်အတွက် ရှာရတဲ့သူတွေသွားပြီလေ ။ မဏ္ဍပ်တွေအကြောင်း သီချင်းကို စင်ပေါ်မှာ ဖွင့်လို့ဆိုပြီး ရေလွှတ်ပိုက်ကို ပိတ်ချလိုက်ပြီး နောက်နေ့မနက်မှပြန်လွှတ်ပေးမယ်ဆိုတဲ့ ဟာတွေက ခင်ဗျားတို့ရဲ့ နိုင်ငံတော်တိုးတက်ဖို့ လုပ်တဲ့လုပ်ရပ်တွေလား ။သင်္ကြန်တွင်း ပြည်သူတွေပျော်နေတာကိုတောင် လိုက်ဖျက်နေတာတွေက ဘယ်လိုသဘောထားတွေလဲဗျာ။ခင်ဗျားတို့လိုချင်တဲ့ နေရာရသွားပြီဆိုပြီး နိုင်ငံတကာထောက်ပံ့မှုတွေရအောင် လုပ်ကွက်ပြပြီး လုပ်ချင်သလိုလုပ် တဲ့သဘောလား။ပြည်သူတွေနေရာကနေ ခံစားပြီး ကိုယ်ချင်းစာပါဗျာ ။.....။
ဇွဲနိုင်ဝင်း

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ''ဒုန်းးဒုန်းးးကိုဇွဲနိုင်ဝင်းးး ini dipublish oleh shwelannwelanwinkyi pada hari Wednesday, May 18, 2016. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ''ဒုန်းးဒုန်းးးကိုဇွဲနိုင်ဝင်းးး
 

0 comments: