ဖုန်းနဲ့ အင်တာနက်သုံးတဲ့အခါ ဘေလ်တွေအရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ

Sansan Tint shared Hla Win's photo. မှ ကူးယူဖော်ပြပါသည်။
Hla Win to အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၏ ရင်ဖွင့်စကားသံများနှင့်နည်းပညာများမျှဝေရာ ဖုန်းနဲ့ အင်တာနက်သုံးတဲ့အခါ ဘေလ်တွေအရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ
__________________
ဖုန်းနဲ့ အင်တာနက်သုံးတဲ့အခါ ဘေလ်တွေအရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ
ငွဖြည့်ကတ် ငါးထောင်တစ်ကတ်ဖြည့်ထားလည်း အင်တာနက်သုံးရင် ဘယ်နှစ်ရက်မှ မသုံးလိုက်ရလို့ စိတ်ညစ်နေပါသလား။ စိတ်မပူပါနဲ့။ မိုဘိုင်းဒေတာသုံးစွဲမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေဟာ အရမ်းလည်းလွယ်ကူတဲ့နည်းလမ်းတွေ ဖြစ်တာကြောင့် အလွယ်တကူလိုက်လုပ်နိုင်ပါတယ်။
(၁) Auto-update Apps တွေကို ပိတ်ပစ်ပါ။
**
အင်တာနက်သုံးရင် ဘေလ်အရမ်းကုန်နေရတဲ့အချက်ထဲမှာ Google Play ကနေ App တွေ update လုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဖုန်းထဲမှာ Play Store ရှိရင်၊ ဘယ်ဘက်အပေါ်ထောင့် အလျားလိုက်မျဉ်းလေးကြောင်းပြထားတဲ့နေရာကနေ Settings ထဲ ၀င်ပါ။ ထို့နောက် အပေါ်ဆုံးက ‘Auto-update apps’ ဆိုတာကို နှိပ်ပြီး၊ ‘Do not auto-update apps’ ဆိုတာကို ရွေးပေးလိုက်ပါ။
(၂) Chrome browser ရဲ့ ဒေတာသုံးစွဲမှုကိုလျော့ချပစ်ပါ။
**
ဝက်ဆိုဒ်တွေကြည့်တဲ့အခါ Chrome ကနေကြည့်တယ်ဆိုရင်၊ ဒီအချက်နဲ့ ဒေတာသုံးစွဲမှုကို ၃၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်ပါတယ်။
ပထမဦးဆုံး ဖုန်းရဲ့ Chrome အက်ပလီကေးရှင်းကို ဖွင့်လိုက်ပါ။ ညာဘက်အပေါ်ထောင့်နေရာကို နှိပ်လိုက်ရင်၊ မီနူးတစ်ခုကျလာပါလိမ့်မယ်။ ထိုနေရာကနေ ‘Settings’ ထဲဝင်ပါ။ အောက်ကိုဆွဲချလိုက်ရင် ‘Data Saver’ ဆိုတာ ရှိပါတယ်။ Data Saver ကို On လုပ်ပေးလိုက်တာနဲ့ ၀က်ဘ်ဆိုဒ်ကြည့်ရင် ဘေလ်ကုန်တာ တော်တော်လျော့သွားမှာပါ။ အားနည်းချက်ကတော့ Chrome မှာ ကွန်နက်ရှင်နည်းနည်းလေးပါလိမ့်မယ်။
၃။ Facebook app ကို မသုံးပဲနေကြည့်ပါ။
**
ဖုန်းရဲ့ အင်တာနက်ဘေလ်အများအပြားက Facebook မှာ ကုန်သွားရတာဖြစ်ပါတယ်။ ဒီ့အပြင် Facebook အက်ပလီကေးရှင်းဟာ ဘက်ထရီလည်းစားပါတယ်။ ဒါဆို ကျွန်တော်တို့ Facebook အက်ပလီကေးရှင်းကို ၀ဲပစ်လိုက်ရအောင်။
Facebook app အစားသုံးနိုင်တဲ့ Facebook Lite app တွေရှိပေမယ့်၊ ဒီ app တွေကလည်း တရားဝင် Facebook app လိုပဲ ဒေတာစားပါတယ်။
ဒါဆိုရင်ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ Chrome browser ကနေ Facebook ၀က်ဆိုဒ်ထဲဝင်လိုက်ပါ။ ညာဘက်က မီနူးနေရာကို နိုပ်လိုက်ရင် ‘Add to Home Screen’ ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါကို နှိပ်လိုက်ရင် စာဖတ်သူဖုန်းရဲ့ Home Screen ပေါ်ကို Facebook ၀က်ဆိုဒ် shortcut ရောက်သွားပြီး၊ အဲဒီကနေတဆင့် Facebook ကို ၀င်သုံးနိုင်ပါတယ်။ သာမန် Facebook အက်ပလီကေးရှင်းလိုပဲ၊ notification သတိပေးစာတွေ ယူထားနိုင်ပါတယ်။
၎။ ဖုန်းနောက်ကွယ်ကနေ အင်တာနက်သုံးနေတဲ့ app တွေကို ပိတ်ပစ်ပါ။
**
အင်တာနက်ဘေလ်ကို အထိရောက်ဆုံးခြွေတာနိုင်မယ့် နောက်နည်းလမ်းတစ်ခုကတော့ background data ကို ကန့်သတ်တာပဲ ဖြစ်ပါတယ်။ ကိုယ်က မသုံးနေပေမယ့်၊ အလိုအလျောက် အင်တာနက်သုံးနေတဲ့ အက်ပလီကေးရှင်းတွေ ရှိပါတယ်။ ဥပမာ သတင်း app တစ်ခုက အလိုအလျောက်သတင်းတွေဆွဲနေတာ၊ ဒါမှမဟုတ် မိုးလေ၀သအခြေအနေပြတဲ့ widget က အလိုအလျောက် ဒေတာတွေ ဆွဲနေတာတွေမျိုးတွေပါ။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပထမဦးဆုံး ဖုန်း Settings ထဲဝင်ပါ။ ‘Data Usage’ ထဲ ထပ်ဝင်ပါ။ ‘Restrict Background Data’ လုပ်ပေးလိုက်ရင် app တစ်ခုက ကိုယ်မသုံးဘဲနဲ့ အင်တာနက်ဆွဲနေတော့မှာ မဟုတ်ပါဘူး။
ဒီ့အပြင် ကိုယ့်စိတ်ကြိုက် အင်တာနက်မသုံးစေချင်တဲ့ app တွေကိုလည်း Settings ထဲကနေ ပိတ်ထားလို့ရပါတယ်။ ဒီအတွက် Settings ထဲက Apps ဆိုတာထဲ ၀င်ပြီး၊ ကိုယ် အင်တာနက်မဆွဲစေချင်တဲ့ app ကို ရွေးပြီး ဒေတာသုံးစွဲမှု ပိတ်လိုက်ပါ။
၅။ အင်တာနက်အရမ်းသုံးတဲ့ app တွေကို ရှာပြီး မလိုရင် ဖျက်ပစ်ပါ။
**
ဒီအတွက် Settings ထဲနေ Data Usage ထဲ ၀င်ပါ။ ဒီနေရာမှ ဘယ် app က အင်တာနက်ဒေတာ ဘယ်လောက်များများသုံးထားလဲဆိုတာ ကြည့်နိုင်ပါတယ်။
ဒီနေရာမှာ Gmail ကို ဥပမာထားပြီး ကြည့်ကြည့်ပါ။ ကျွန်တော့်ဖုန်းမှာ Gmail က အင်တာနက် 451 MB သုံးထားပြီး၊ ကျွန်တော်က ဒီ Gmail ကို သိပ်လည်းမသုံးဖြစ်ဘူးဆိုပါစို့။ ဒါဆို Uninstall လုပ်ပစ်သင့်ပါတယ် ကိုယ်သိပ်မသုံးဖြစ်တဲ့၊ သိပ်အသုံးမ၀င်တဲ့ app ကို ရွေးချယ်ပြီး Uninstall လုပ်ပစ်လိုက်ပါ။
၆။ အင်တာနက်ကနေ ပုံတွေပို့တာ၊ ဗီဒီယိုတွေကြည့်တာကို လျှော့ပေးပါ။
**
စမတ်ဖုန်းတစ်လုံးကနေ ရုပ်ထွက်အမြင့်စား HD ဗီဒီယိုဆယ်မိနစ်စာလောက်လေးကို ကြည့်တာက ဒေတာ 50 MB ကျော် ကုန်နိုင်ပါတယ်။ အရည်အသွေးအမြင့်ဓာတ်ပုံတစ်ပုံက 5 MB လောက်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် Facebook ၊ Viber စတဲ့ app တွေကနေ တစ်ယောက်နဲ့တစ်ယောက် ပုံတွေအရမ်းမပို့ပါနဲ့။ ပြီးတော့ Facebook မှာ တွေ့သမျှဗီဒီယိုတွေ အကုန်လျှောက်မကြည့်ရင်၊ အင်တာနက်ဘေလ် တော်တော်သက်သာသွားမှာပါ။
၇။ Google Maps သုံးရင် offline သုံးကြည့်ပါ။
Google Maps ကို အင်တာနက်မရှိဘဲလည်း သုံးနိုင်ပါတယ်။ တကယ်လို့ ကိုယ်သွားနေလာနေကြ နေရာတစ်ခုကို ခဏခဏ Google Maps ကြည့်ဖြစ်နေတယ်ဆိုရင်၊ ဒီနယ်မြေကို ဒေါင်းလုဒ်ရယူပြီး၊ ဖုန်းထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ဒါဆိုရင် နောက်အခါ အင်တာနက်မရှိလည်း ကိုယ်ဒေါင်းထားတဲ့နယ်မြေကို offline မြေပုံကြည့်နိုင်ပါတယ်။ အထက်ပါနည်းလမ်းတွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် စာဖတ်သူရဲ့ အင်တာနက်ဘေလ်ကို သိသိသာသာ ခြွေတာနိုင်ပေးပြီး၊ ဖုန်းငွေဖြည့်ကတ်တွေ ပလူပျံအောင် ဖြည့်နေရခြင်းကနေ တော်တော်သက်သာရာ ရသွားမှာပါ

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: