ဇူလိုင် ၂၂ ၊ မကွေး။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
မှ ဇူလိုင်(၂၂)ရက်၊ နံနက်(၁၀း၃၀ မှ နေ့လည် ၃နာရီ)အချိန်ထိ တိုင်းမီး သတ်ဦးစီးမှူးရုံးတွင်
မီးသတ်ကားများ၊ ရေသယ်ယာဉ် နှင့် မီးသတ်ဌာနအတွက် သုံးစွဲရန် ကယ်ဆယ်ရေး ပစ္စည်းများ ၀ယ်ယူရန်
အတွက် အိပ်ပိတ်တင်ဒါ ဈေးနှုန်းများတင်သွင်းလွှာကို
ကုမ္ပဏီများ၏ ရှေ့၌ ပွင့်လင်းမြင် သာစွာဖြင့် လော့နံပတ် (၁၇)ခု စာရင်းအရ ၀ယ်ယူလိုသော
အပြိုင်ဈေးနှုန်းများအား ဖတ်ကြား၍ တင်ဒါကော်မတီ ဘုတ်အဖွဲ့မှ လက်ခံကြောင်း မဇ္ဈိမ ကသင်းရရှိသည်။
`` ယနေ့ တင်သွင်းလာတဲ့ ကုမ္ပဏီများရဲ့ဈေးနှုန်းများကို
ကျွန်တော်တို့ကော်မတီ ဘုတ်အဖွဲ့က အတည်ပြုစီစစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြမယ်၊ တိုင်းဒေသကြီးက အတည်ပြုချက်နဲ့ တင်ဒါ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ပေးတဲ့
ကုမ္ပဏီများကိုသာ ချထားပေးမှာဖြစ်ပါတယ်၊ ယနေ့ တင်ဒါပွဲမှာတင်သွင်းထားတဲ့ အနည်းဆုံးဈေးနှုန်းတင်တဲ့
ကုမ္ပဏီ ကိုလည်းပေးချင်မှ ပေးမှာပါ ။ အဓိကတော့ တိုင်းဒေသကြီးအစိုးရနဲ့ တင်ဒါဘုတ်အဖွဲ့က
ယုံကြည်စိတ်ချ ရတဲ့ ကုမ္ပဏီကိုသာ ရွေးချယ်သွားမှာပါ။´´ ဟု တင်ဒါဘုတ်အဖွဲ့ အတွင်းရေးမှူး
တိုင်းမီးသတ်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က မဇ္ဈိမ ကိုပြောသည်။
ရေဂါလံ ၈၀၀ ပါ မီးသတ်ကားများ(၄၃)စီး၊ ရေဂါလံ ၁၆၀၀ ပါ ရေသယ်ယာဉ်ကားများ(၃၁)စီး
နှင့် မီးသတ်ဌာနအတွက် သုံးစွဲရန် ရေစုတ်စက်များ၊ ကယ်ဆယ်ရေး ပစ္စည်းများ ရုံးသုံးပစ္စည်းများဝယ်ယူရန်
အတွက် လော့နံပါတ်(၁၇) ခု သတ်မှတ်ပြီး ဈေးနှုန်း တင်ဒါတင်သွင်းသော ကုမ္ပဏီကြီးများ ခုနှစ်ခုမှ
မန်နေဂျင်ဒါရိုက်တာ များတက် ရောက်ကြကြောင်း၊ ၎င်း ကုမ္ပဏီများမှာYoung’s Auto Cod.,Ltd.
၊ Smooth International Co.,Ltd. ၊ K Future Co.,Ltd. ၊ MHTT Co.,Ltd. ၊ Myanmar
New Power Motor Co.,Ltd. ၊ Aung Gyi Trading Limited. Yuan Yuan Co.,Ltd. တို့ဖြစ်ကြောင်း၊
တင်ဒါဘုတ်အဖွဲ့အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် ကာ/လုံဝန်ကြီး
ဗိုလ်မှူးကြီး ဇော်လင်းအောင် (ဥက္ကဋ္ဌ)၊ တိုင်းမီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး)
နှင့် က.ည. န ၊ စက်မှု နှင့် အခြားဌာနဆိုင်ရာ ကော်မတီဘုတ်အဖွဲ့ဝင်များ မှ လက်ခံ၍ ဈေးနှုန်းများကို
တင်ဒါတင်သွင်းများ၏ ရှေ့တွင် ဖတ်ကြားပြသပြီး လက်ခံကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဇူလိုင် ၂၂ ရက် နေ့တွင် ဈေးနှုန်းတင်ဒါတင်သွင်းထားသော ကုမ္ပဏီများမှ
လော့နံပတ်(၁၇)ခုအလိုက် ၀ယ်ယူခွင့်ပြုသော ရွေးချယ်ပြီး ကုမ္ပဏီမျာ၏ အမည်စာရင်းများကို
ဇူလိုင်လ၏နောက်ဆုံးပတ်တွင် ကြော်ငြာပေးမည် ဟု မကွေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး တင်ဒါဘုတ်အဖွဲ့မှ ၎င်း ဈေးနှုန်းတင်ဒါပွဲတွင် ဗိုလ်မှူးကြီးဇော်လင်းအောင်၊
ဥက္ကဋ္ဌ မှ အတည်ပြုပြောကြားသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment