နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား
တတိယအကြိမ် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ
အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်သိမှု တာဝန်ယူမှုဖြင့်
ပေါင်းစပ်ညှိုနှိုင်းခြင်း စီမံခန့်ခွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် (၂၆)ရက်၊
နံနက်(၁၀)နာရီအချိန်ခန့်တွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မကွေးခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ
နှင့် ၀န်ထမ်းများ တက်ရောက် ကြောင်း၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်
မှ အဖွင့်အမှာစကားပြောကြားပြီး၊ ဆွေးနွေးပွဲစာတမ်းကို ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဖတ်ကြားကြောင်း၊
ဦးခင်မောင်ဝင်း(တိုင်းအုပ်ချုပ်ရေးမှူး ငြိမ်း) မှ အငြိမ်းစား အရာထမ်းဝန်ထမ်းများ၏
ကိုယ်စားဆွေးနွေးကြောင်း၊ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး
မှူး ဦးအုန်းသန်း မှ အကြံပြုဆွေးနွေးခြင်း၊ ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကြပြီး
အစည်းအဝေးကို နေ့(၁၂)နာရီအချိန်ခန့်မှာ ပြီးဆုံးကြောင်း မြေလတ်မီဒီယာ မှသတင်းရရှိသည်။
သတင်းစဉ်
သတင်းတာဝန်ခံ
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment