ဇူလိုင် ၁၆၊ မကွေး ။
မကွေးမြို့၊ရန်ဝေးရပ်၊
ပြည်တော်သာလမ်း၊ အမှတ် ၂၀၊ KENBO အရောင်းခမ်းမတွင် ၂၀၁၄၊ ဇူလိုင် ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်မှာ
KENBO တံဆိပ်ပါ ကန်ဘိုမော်တော်ဆိုင်ကယ် မှန်သမျှကို အင်ဂျင်ဝိုင်လဲပေး၍ ဆိုင်ကယ်များ
နှင့် ပရိပ်သတ်များတစ်စီတစ်တန်းကြီးဖြင့် ထူးခြားစည်ကားသော
မကွေးမြို့ဆိုင်ဖွင့်ပွဲပြုလုပ် ကြောင်း မဇ္ဈိမ က သတင်းရရှိ သည်။
``ဒီလို ကန်ဘိုဆိုင်ကယ်တွေကို
အင်ဂျင်ဝိုင်အသစ် အခမဲ့လဲပေးတယ်ဆိုလို့ လာရောက်တန်းစီတာပါ။ ယခု ဆိုင်ဖွင့်ပွဲကတော့
အလွန်ထူးခြားပါတယ်။ ဆိုင်ကယ်အင်ဂျင်ဝိုင်လဲရင် C90 စူပါကတ်ဆိုင်ကယ်ဆို ငွေသုံးထောင်
ကျပ်၊ 110 ဆိုင်ကယ်ဆိုရင် ငွေငါးထောင်လောက်ကျတယ်ဗျ၊ ယခုလဲပေးနေတဲ့ KENBO အင်ဂျင်ဝိုင်တစ်ဗူးကို
ငွေကျပ် သုံးထောင်ငါးရာနဲ့ ဈေးကွက်မှာ ရောင်းချပေးမယ်ပြောပါတယ်၊ ဒါကြောင့် ဒီဆိုင်ကယ်တွေ အများကြီး တစ်စီတစ်တန်းနဲ့
အချိန်ပေးပြီး တန်းစီနေကြတာပေါ့ဆရာ၊ အောင် ကန်ဘို ကုမ္ပဏီ ကို အထူးကျေးဇူး တင်ပါတယ်။´´
ဟု မကွေးမြို့ ရန်ပယ်ဈေးမှ ကိုဝင်းမောင် က မဇ္ဈိမ ကိုပြောသည်။
အဆိုပါဖွင့်ပွဲသို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးချန်ထွန်းအောင်၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ်၊
မကွေးနယ်မြေရဲစခန်းမှူး ဒုရဲမှူးရွှေဌေး နှင့် ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော
အထူးဧည့်သည် တော်များ ငါးဆယ်ကျော်ခန့် တက်ရောက်ကြောင်း၊ အောင် ကန်ဘိုကုမ္ပဏီအရောင်းခမ်းမဖွင့်ပွဲမှ
ကြွရောက်လာသူ အားလုံး ကို မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ၊ ကန်ဘိုအင်ဂျင်ဝိုင်ဗူးများ၊
ကန်ဘို တီရှပ်များလက်ဆောင် ပေးကြောင်း၊
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment