ဇူလိုင်(၂၆)ရက်နေ့ နံနက်ပိုင်းတွင်
မကွေးမြို့၊ ကန်သာရပ်ကွက် ဘီအုပ်စု အတွင်းရှိ လူနေအိမ်များသို့ မကွေးတိုင်းဒေသကြီး
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်း ထွေးနှင့်အဖွဲ့၊
ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ကျန်းမာရေး၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ
အင်အား (၁၀၀)ဦးခန့်ဖြင့် ခြင်အန္တရာယ် ကင်းရှင်းရေး
သွေးလွန်တုတ်ကွေးရောဂါ ကင်းရှင်ရေးအတွက် (ဖုံး သွန် လဲ စစ်) ပြုလုပ်ကြောင်း သတင်းရရှိသည်။
ကန်သာရပ်ကွက် ဘီအုပ်စုအတွင်းရှိ လမ်းများ၊ နေအိမ်များသို့ တစ်အိမ်တက်ဆင်းဝင်ရောက်ပြီး
ခြင်အန္တရာယ် ကင်းရှင်းရေး သွေးလွန်တုတ်ကွေးရောဂါ ကင်းရှင်ရေးအတွက် ရေလှောင်ကန်များ၊စဥ့်အိုးများ၊
ကျောက်စည်များ နှင့် ပန်းအိုးများကို(ဖုံး သွန် လဲ စစ်) ပြုလုပ်ကြကြောင်း၊ ခြင်များ
မတိုးပွားရန် ဆေးများဖြင့် အိမ်ခန်းများနှင့် ရေမြောင်းများကို ပက်ဖြန်းကြောင်း၊
ထို့နောက်
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာအသင်း
ဥက္ကဋ္ဌ ဒေါ်သင်းသင်းထွေး မှ ကလေးမိခင်တစ်ဦး ဒေါ်အေးအေးခိုင် (ကန်သာဘီအုပ်စု၊ ၆ လမ်း)ထံသို့
ခြင်ဆေးရည်စိမ် ခြင်ထောင်တစ်လုံးအား မေတ္တာလက်ဆောင် ပေးအပ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
သတင်းစဉ်
သတင်းတာဝန်ခံ
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com
မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
0 comments:
Post a Comment