မကွေးမြို့၊ပြည်တော်သာရပ်ကွက်၊
ပြည်တော်သလမ်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခမ်းမတွင် ကျန်းမာရေးကဏ္ဍ
တတိယအဆင့် (Third Wave)၊ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ညှိုနှိုင်း အစည်းအဝေးကို
ဇူလိုင် ၁၈ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် ကျင်းပကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဦးအောင်ကျော်မင်း လွှတ်တော် ကိုယ်စားလှယ်များ၊ မကွေးတိုင်း ဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာထွန်းမြင့်၊ မြို့နယ်အထောက် အကူပြုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များ၊ ဆေးရုံအုပ်ကြီးများ
နှင့် အထူးကုဆရာဝန်ကြီးများ နှင့် ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူ ဆရာဝန်ကြီးများ
အင်အား(၈၀)ခန့်တက်ရောက်ကြောင်း မဇ္ဈိမ ကသိရသည်။
၎င်း ကျန်းမာရေးကဏ္ဍ တတိယအဆင့် (Third Wave)၊ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးအတွက်
ကွင်းဆင်းဆောင်ရွက်ရာမှ တွေ့ရှိချက်များနှင့် ကျန်းမာရေးမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးချက်များမှ
အကြံပြုချက် များကို အခြေခံ၍ ကျန်းမာရေးဝန်ကြီးဌာနမှ လ(၂၀)အတွင်း အရှိန်အဟုန်မြှင့်တင်ရန်
ဆောင်ရွက်မည့် အစီအမံ များအတွက် စီမံကိန်းနှင့်ဘတ်ဂျက်ရေးဆွဲပြီး ၂၀၁၄ သြဂုတ်လနှင့်
စက်တင်ဘာလအတွင်းတွင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ၎င်းလ(၂၀)စီမံချက်ကို စီမံကိန်းကော်မရှင်နှင့်
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးများသို့ အချိန်မီ တင်ပြ၍ ခွင့်ပြုချက်တောင်းခံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း
တိုင်းဒေသကြီး ကျန်းမာရေးမြှင့်တင်ရေး စီမံကိန်းမှူးမှ ရှင်းလင်းပြောဆိုသည်။
``ဆေးရုံတွေမှာ မွေးလူနာမိခင်တွေကို
ဘယ်လိုဘဲမွေးမွေး ဆေးဝါးနဲ့ ဆေးပစ္စည်းတွေပါ အခမဲ့ ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက
ညွှန်ကြားထားပါတယ်၊ မကွေးတိုင်းဒေသကြီးမှာလည်း ယခင်တုန်းကထက် အသုံး စရိတ်နဲ့ ဆေးပစ္စည်းတွေဝယ်ဖို့ ၄/၅ ဆ ပိုတိုးပြီး အစိုးရက ချထားပေးပါတယ်၊ ယခင်တုန်းကလိုမဟုတ်တော့ဘဲ
ဂွမ်း၊ အရက်ပျံ၊ဆေးထိုးအပ် နဲ့ ဒရစ်ဆက်တွေကို ဆေးရုံကအခမဲ့ပေးရမယ်၊ ကျန်းမာရေးကဏ္ဍ တတိယအဆင့်
(Third Wave)ဆောင်ပုဒ်က (လူနာများကို နွေးထွေးစွာ
ဆက်ဆံပါ) ၊ အနည်းဆုံးအဆင့် ကျန်းမာရေးဝန်ထမ်း တွေ ပြုံးပြီး နေပေးကြပါ။´´ဟု မကွေးတိုင်းဒေသကြီး
ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ၎င်းပွဲတွင် ပြောသည်။
၎င်းကိစ္စအား မကွေးတိုင်းဒေသကြီးသားဖွားမီးယပ် အထူးကုဆရာဝန်မကြီးတစ်ဦးမှ
အခမဲ့မွေးလူနာ တွေကို ဆေးပါ အခမဲ့ဆိုရင် ဆေးစတို၌ နှစ်လနဲ့ ပြတ်သွားပြီး နောက်မွေးလူနာတွေအတွက်
ပြဿနာတက်ရင် ထွက်ပြေးရမည် ဖြစ်ကြောင်း တင်ပြရာ၊ ဆေးစတိုတွေမှာ နေ့စဉ်လက်ကျန်စာရင်းများကို
ကွန်ပျုတာများဖြင့် ထိမ်းသိမ်းစာရင်ပြုရမည်ဖြစ်ကြောင်း၊ နေ့စဉ် အဆင့်ဆင့်သို့ စာရင်းများတင်ပြပြီး
လိုအပ်သည့်ဆေးဝါးများကို မကုန်မီ ၀ယ်ယူဖြည့်တင်းပေးဖို့လိုကြောင်း၊ အထက်အဆင့်ဆင့်မှလည်း
လိုအပ်သည့်ငွေများကို တင်ပြလာလျှင် အချိန်မီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မည်သူကိုမှ
လွှဲချပြီး လက်ညှိုးထိုးစရာမလိုကြောင်း၊ ကျန်းမာရေးဝန် ထမ်းတိုင်းကလည်း တာဝန်သိသူ၊ တာဝန်ရှိသူအဖြစ်
ခံယူကြရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်နှင့်
စီမံကိန်းတာဝန်ခံ ဒေါက်တာများ က ၎င်းပွဲတွင် အကျယ်တ၀င့်ပြောသည်။
အဆိုပါ ပြည်သူ့ဆေးရုံးများ၌ မွေးလူနာမိခင်များကို အခမဲ့မွေးဖွားဆောင်ရွက်ပေးရန် ၂၀၁၄ ဧပြီလ ဘတ်ဂျက်မှ
စတင်ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားပြီးကြောင်း၊ မိမိမွေးလူနာအတွက်
အခမဲ့ မရရှိလျှင် မည်ကဲ့သို့ဆောင်ရွက်သည်ကို
သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများထံသို့ မေးမြန်းနိုင်ကြောင်း ၎င်း အစည်းအဝေးမှ အမည်မဖော်လိုသူ မကွေးတိုင်းဒေသကြီးဦးစီးဌာနရုံးမှ ကျန်းမာရေးဝန်ထမ်းတာဝန်ရှိသူ
တစ်ဦး က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment