`` UNDP Myanmar ယူအန်ဒီပီ မြန်မာ မှ မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့နှင့် ဒေသန္တရအုပ်ချုပ်ရေးလေ့လာမှု လုပ်ငန်းအတွက် ဆွေးနွေးပွဲပြုလုပ်´´



ဇူလိုင် ၁၄၊ မကွေး ။
မကွေးတိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများအား ဒေသန္တရအုပ်ချုပ်ရေးလေ့လာမှုလုပ်ငန်းအတွက် နမူနာမြို့နယ်များ ရွေးချယ်မှုနှင့် ပတ်သက်၍ အသိပေးဆွေးနွေးခြင်းနှင့် တိုင်ပင်ညှိနှိုင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဇူလိုင် (၁၄)ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်း အဆင့် မြင့် မြို့တော်ခမ်းမ၌ UNDP Myanmar ယူအန်ဒီပီ မြန်မာ မှ ကျင်းပပေးကြောင်း မဇ္ဈိမ က သတင်း ရရှိသည်။

          အဆိုပါ ဒေသန္တရအုပ်ချုပ်ရေးလေ့လာမှု လုပ်ငန်းအတွက် ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင် နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း တို့တက် ရောက်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုးမြို့နယ်မှ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ အရပ်ဘက် NGO အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ (၈၁)ဦး တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။


          ယူအန်ဒီပီ၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းနှင့် သဘောတရားနောက်ခံအကြောင်း၊ ၂၀၁၄ ဇူလိုင်လမှ ဒီဇင်ဘာလ အတွင်း လုပ်ငန်းအစီအစဉ်၊ နမူနာမြို့နယ်များ ရွေးချယ်ရန် အခြေခံမည့်မူများ၊ ဆက်လက်လုပ်ဆောင် မည့် လုပ်ငန်း နည်းလမ်းများကို ဦးအေးလွင် Programme Specialist. Local Govermance. UNDP Myanmar. နှင့် Ms.Emilie Roell Knowledge Management Consultant, UNDP Myanmar. တာဝန်ရှိသူများ မှ ဦးဆောင် ရှင်းလင်းပြီး ကူညီ၍ အုပ်စုလိုက်အဖွဲ့ခွဲပြီး ဆွေးနွေးကြသည်။ ရည်ရွယ်ချက်များမှာ အုပ်ချုပ်ရေးလုပ်ငန်း နယ်ပယ် တွင် ယူအန်ဒီပီ၏ ကူညီပံ့ပိုးမှုများကို ပိုမိုနားလည်စေရန်၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ လုပ်ငန်း အကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံအခြေအနေတွင် အရေးပါမှုတို့ကို တက်ရောက်လာသူများ သဘောပေါက်နားလည်စေရန်၊ နမူနာရွေးချယ်မှုနှင့် ပတ်သက်၍ ဒေသဆိုင်ရာအချက်အလက်၊ အကြံဥာဏ်များရရှိရန်၊ ဒေသရွေးချယ်မှု လုပ်ငန်း များကို ပွင့်လင်းမြင်သာမှုရှိသောနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရန်၊ ဒေသန္တရ အုပ်ချုပ်ရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှေ့ဆက်လုပ်ရမည့် အစီအစဉ်များကို တက်ရောက်သူ များအား သိရှိ စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပကြောင်း ဦးအေးလွင် Programme Specialist. ကပြောသည်။

 ဦးအေးလွင် Programme Specialist. Local Govermance. UNDP Myanmar. နှင့် Ms.Emilie Roell Knowledge Management Consultant, တို့က အကျယ်တ၀င့် ရှင်းလင်း၍ အုပ်စုများမှ အပြန်အလှန်မေးခွန်းများ အကြံပြုချက်များဖြင့် ဆွေးနွေးကြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: