ဒန့်သလွန်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်



မြို့သစ်      ဇွန်     ၃၀
          မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ် ဒန်သလွန်ပင်အုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့တိုးမြှင့်ဖွင့်လှစ်ပေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်သိန်းနှင့်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြင့်တို့က ဇွန်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ဒုတိယပိုင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပါသည်။

          ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူကနှင့် မြို့နယ်ပညာရေးမှူးတို့မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူလူထု ကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
          ဆက်လက်၍ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခြင်း အမိန့်စာအား မြို့နယ်ပညာရေးမှူးမှ ကျောင်းအုပ်ဆရာကြီးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်းအထိမ်းအမှတ်အလံများအား တာဝန်ရှိသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။

          အဆိုပါကျောင်းသို့ ဒန့်သလွန်ပင်ကျေးရွာပတ်ဝန်ကျင်းအနီးရှိ ကျေးရွာ(၂၁)ရွာမှ ကျောင်းသား/ ကျောင်းသူ (၆၆၈)ဦး တက်ရောက်ပညာသင်ယူနေကြောင်းနှင့် ကျန်ရှိကျောင်းများကိုလည်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်ဇော်(မြို့သစ်)
သတင်းပေးပို့သူ    ဦးဇော်ဇော်(မြို့နယ်ပြန်/ဆက်-မြို့သစ်မြို့)


သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: