``မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင် မီးသတ်အဆောက်အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊ ၀ယ်ယူနိုင်ရန် မကွေးတိုင်းမီးသတ်စခန်း၌ တင်ဒါခေါ်ယူ´´



ဇူလိုင်(၂၆) ရက်နေ့၊ နံနက် (၁၀နာရီမှ နေ့လည် ၂နာရီအချိန်)အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင်  မီးသတ်အဆောက်အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊ ၀ယ်ယူနိုင်ရန် မကွေးတိုင်း မီးသတ်စခန်း၌ တင်ဒါခေါ်ယူကြောင်း မဇ္ဈိမ က သတင်းရရှိသည်။


          အဆိုပါ တင်ဒါပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဇော်  လင်းအောင်(ဥက္ကဋ္ဌ) နှင့် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး) နှင့်လေလံတင်ဒါစစ်ဆေးရေးအဖွဲ့ဝင်များ၊ တင်ဒါတင်သွင်းသော ကုမ္ပဏီများမှ ပိုင်ရှင်များ၊ မန်နေဂျာများ စုစုပေါင်း(၁၀၀)ဦး ခန့် တက်ရောက်ကြသည်။

``ယနေ့တင်ဒါပေးသွင်းကြတဲ့ လော့နံပတ်အလိုက် ဈေးနှုန်းများကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် ဖော်ပြသော ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖတ်ကြားပြခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ တင်ဒါစီစစ်ရေးအဖွဲ့က စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြရွေးချယ်ပေးမှာဖြစ်ပါတယ်။´´ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိ ယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး) က မဇ္ဈိမ ကိုပြောသည်။


          တင်သွင်းရမည်လုပ်ငန်းများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင်  မီးသတ်အဆောက် အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊ ၀ယ်ယူနိုင်ရန် လော့နံပတ် ဆယ်ခု ဖြစ်ကြောင်း၊ ပခုက္ကူမြို့အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ မြိုင် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၀ ခု ၊ ပေါက် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ ထီးလင်း အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၇ ခု ၊ ဂန့်ဂေါ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၇ ခု ၊ ဆင်ပေါင်ဝဲ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ မင်းတုန်း အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၁ ခု ၊ စေတုတ္တရာ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၁ ခု ၊ နတ်မောက် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၄ ခု ၊ နှင့် ကံမ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၉ ခု တို့မှ ဈေးပြိုင်အိပ်ပိတ် တင်ဒါများ ပေးသွင်းကြကြောင်း၊ ၎င်းမြို့များ(၁၀)မြို့တို့၌ (၂)ထပ် မီးသတ် စခန်းအဆောက်အဦးများ တည်ဆောက်ပေးရန် တင်ဒါခေါ်ယူကြောင်း၊ ၎င်းတင်ဒါ အောင်မြင်သူ ကုမ္ပဏီ အမည်စာရင်းများကို သြဂုတ်လအတွင်း ကြေငြာပေးမည်ဖြစ်ကြောင်း တင်ဒါစီစစ်ရေးကော်မတီအဖွဲ့ထံမှ  သတင်း ရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: