ဇူလိုင် ၁၅ ၊ မကွေး ။
ချောက်မြို့နယ်၊
ညောင်ဇင်ကျေးရွာအုပ်စု၊ ၂၀၁၁ ခုနှစ်အချိန်က ဒေါ်လှရီ၏ အမွေဆိုင်ယာမြေကွင်း အမှတ်(၂၅၀၃)၊
ဧက ၉.၈၀ အား ရပ်/ကျေးမြေယာကော်မတီ မှ တစ်ဘက်သတ်ဆုံးဖြတ်ချက်အား ချောက်မြို့နယ် မြေစာရင်းဦးစီးမှူးကလည်း
မတရားဆုံးဖြတ်အတည်ပြု၊ မကွေးခရိုင် နှင့် မကွေးတိုင်းမြေစာရင်းဌာနများကလည်း ၂၀၁၃ ခုနှစ်တွင်း၌ ဆက်လက်အတည်ပြုခဲ့၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
နှင့် နေပြည်တော်သို့ တိုင်စာများ တင်ခဲ့ရာ မည်သူကမျှ အရေးယူဆောင်ရွက် မပေးခြင်းကြောင့် ဒေါလှရီ ၏ သမီး မမြမာလာ၊ ၇/ရတန(နိုင်) ၀၀၆၂၄၀၊ ထုံးတန်းလမ်း၊
သရက်တောရပ်ကွက်၊ ရွှေတောင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး တွင်နေထိုင် သူက လာရောက်၍ မကွေးမြို့မ
ဈေးကြီးရှေ့တွင် အမျိုးသမီးတစ်ဦး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ဒေါ်မာလာမှ
ပြောဆို၍ မဇ္ဈိမက သတင်းရရှိသည်။
တစ်ကိုယ်တော်ဆန္ဒပြသူ ဒေါလှရီ ၏ သမီး မမြမာလာသည် ဇူလိုင်(၁၄)ရက်၊
နံနက် ၉း၄၅ နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းဆုံအနီး ပြည်တော်သာလမ်း မှ မကွေးမြို့မဈေးကြီးသို့
ဆိုင်းဘုတ်နှစ်ခုအား ကိုင်ဆောင်ပြီး လမ်းလျှောက်လာပြီး ပြည်တော်သာလမ်းနှင့် မြို့မဈေးလမ်းဆုံတွင်
သတင်းမီဒီယာများကို သူမက ရင်ဖွင့် ပြောကြားသည်။ တစ်ကိုယ်တော်ဆန္ဒပြရန် ခွင့်ပြုမိန့်ကို
မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ နှစ်ကြိမ်တင်ထားခဲ့ သော်လည်း အကြောင်းမပြန်ကြောင်း
ဒေါ်မာလာ က ပြောသည်။
``အောက်ခြေ ချောက်မြို့နယ်မြေစာရင်းဦးစီးမှူး(ယခုပြုတ်သွားပါပြီ)သူက
မတရားသဖြင့် ဆုံးဖြတ်တာကို အထက်အဆင့်ဆင့် ကိုတိုင်ထားတာ ဘာမှလုပ်မပေးကြပါဘူး၊ မကွေးတိုင်းမြေစာရင်းမှူးကိုလည်း
မကြေနပ်ပါဘူး၊ လယ်ဆည်ဝန်ကြီး ကို လည်းမကြေနပ်ပါဘူး၊ မကွေးတိုင်း ၀န်ကြီးချုပ်ဘုန်းမော်ရွှေကိုလည်း
မကြေနပ်ပါဘူး၊ အမှုကို ပြန်လည်စစ် ဆေး မပေးလို့ ကျွန်မမိခင်ကြီးကျန်းမာရေး ဗိုက်ခွဲရမှာဖြစ်တဲ့အတွက်
ဆေးကုဖို့မရှိလို့ အဖြစ်မှန်ကို ပြန်လည်စစ်ဆေးပေးဖို့ ယခုလို တစ်ကိုယ်တော်ဆန္ဒပြရခြင်းဖြစ်ပါတယ်။´´ဟု
ဆန္ဒပြသူ ဒေါ်မြမာ လာ(ခ) ဒေါ်မာလာ က မီဒီယာများကိုပြော သည်။
မကွေးမြို့မဈေးကြီး
နံနက်(၁၀)နာရီအချိန်တွင် မကွေးမြို့မဈေးကြီး၏ အရှေ့ဘက် အပေါက်သို့ ရောက်ရှိလာသည်။
နံနက်(၁၀း၁၅)နာရီအချိန်တွင် အာဏာပိုင်အဖွဲ့ နှင့် ရဲမေများ၊ ရဲများရောက်လာပြီး ဒေါ်မာလာ
၏ ဆိုင်ဘုတ်များကို ရဲတပ်သားတစ်ဦးက ဆွဲယူပြီး ဒေါ်မာလာကို ရဲမေ တစ်ဦးနှင့် ရဲသားမှ
ဆွဲခေါ်၍ အခင်းဖြစ်ရာ မကွေးမြို့မဈေးကြီးအရှေ့မှ မကွေးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊
မကွေးမြို့မရဲစခန်းမှ ဒေါ်မာလာကို မကွေးတိုင်းဒေသကြီးမြေစာရင်းဌာနသို့ ခေါ်ဆောင်သွားကြောင်း၊ မဇ္ဈိမ က နံနက်၁၂နာရီအထိ (ကနဦး) သတင်း ရရှိသည်။
ဖြစ်စဉ်အကျဉ်းမှာ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ၂၀၁၁
ခုနှစ်အချိန်က ဒေါ်လှရီ၏ အမွေဆိုင်ယာမြေ မိဘဖြစ်သူ ဦကျော်လှိုင်+ဒေါ်ကုလားမ ကွင်း အမှတ်(၂၅၀၃)၊
ဧက ၉.၈၀ အား ဦးချစ်မောင်၊ ဒေါ်ဌေးဌေးနိုင်တို့မှ လုပ်ကိုင်နေကြပြီး သမီးအရင်းဖြစ်သူ
ဒေါ်လှရီ မှ လက်လွှတ်ဆုံးရုံးရခြင်းကြောင့် အမွေစားခွင့် ရရှိရန် မြေယာ အငြင်းပွားမှု
ဖြစ်ကြောင်း၊ ဒေါ်လှရီ၏ GP လွှဲအပ်ထားသည့် သမီးဖြစ်သူ ဒေါ်မြမာလာ၏ ၂၀၁၃ ၊ စက်တင်ဘာ ၁၂
ရက်နေ့တွင် ပြည်သူတို့၏ တိုင်ကြားစာအရ သိရသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment