``သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံနှစ်ဦး မကွေးခရိုင်တရားရုံးမှ တစ်သက်တစ်ကျွန်းချလိုက်ပြီ




မကွေးခရိုင်တရားရုံးမှ ပြစ်မှုကြီးအမှတ် ၂/၂၀၁၄ဖြင့်
မကွေးခရိုင်တရားရုံးမှ ၂၀၁၄၊ ဇူလိုင် ၁၇ ရက်နေ့၊ နေ့လည်
(၁)နာရီအချိန်ခန့်တွင် တရားခံ ၀င်းနိုင်(၄၁)နှစ်၊(ဘ) ဦးခင်မောင်ထွေး၊
တည်ပင်ကန်ပေါက်ရွာ နှင့် တရားခံ ခင်မောင်ကြည်(၅၁)နှစ်၊(ဘ)ဦးဘဟိန်း၊
တည်ပင်ကန်ပေါက်ရွာ နေထိုင်သူ တရာခံ နှစ်ဦးအား တစ်သက်တစ်ကျွန်း
အမိန့်ချမှတ်လိုက်ကြောင်း မဇ္ဈိမ က ၎င်းမကွေးခရိုင်တရားရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ၂၀၁၃၊ ဒီဇင်ဘာလတွင်

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က
သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က
မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄
အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား
ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အဆိုပါတရားခံများအား ဖမ်းဆီးရမိရန်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊
ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ
နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က
ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင်
မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌
ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊
အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ
ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊
တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း
သိရသည်။ အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ
ဝင်းနိုင်(၄၁)နှစ်၊(ဖ)ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊
တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြိုနယ်နေသူထိုင်အား
၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတရားခံနှစ်ဦးကို
ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး
ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
သတင်းစဉ်
သတင်းတာဝန်ခံ
 

0 comments: