`` မြေသိမ်းခံတောင်သူများ ဆားတိုင်ကန်ကျေးရွာ၌ ရှေ့နေ ကိုဖိုးဖြူ နှင့် မြေယာဥပဒေအကြောင်း ဟောပြော၍ ညှိနှိုင်းဆောင်ရွက်´´





ကျေးရွာပေါင်း တစ်ဆယ့်ခြောက်ရွာရှိ မြေယာအသိမ်းဆည်းခံရသော တောင်သူများသည် ဇွန်(၁၅)ရက်နေ့ နံနက်ပိုင်း မကွေးမြို့ပေါ်တွင် ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်ပြီး နေ့လည်ပိုင်းတွင် ဆားတိုင်ကန်ကျေးရွာ၌ရှေ့နေ ကိုဖိုးဖြူ နှင့် မြေယာဥပဒေအကြောင်း ဟောပြော ညှိနှိုင်းဆောင်ရွက်ကြောင်း သတင်းရရှိသည်။


          ဆားတိုင်ကန်ကျေးရွာ လယ်ယာမြေနစ်နာဆုံးရှုံးမှု ပြန်လည်ရရှိရေး နာယက ဦးပေါက်စ အိမ်တွင် တောင်သူတစ်ရာခန့်ဖြင့် ကျင်းပခဲ့ကြောင်း၊ ၎င်းပွဲသို့ တောင်သူများနှင့်အတူ ၈၈ မျိုးဆက်ငြိမ်း/ပွင့် (မကွေး) နာယက ဦးလှဆန်း ဦးဆောင်၍အဖွဲ့ဝင် ဦးသန်းထွန်းအောင်၊ ဦးမောင်မောင်စိုး နှင့် ဦးထွန်းဦးခိုင်၊ မကွေးမြို့နယ် NLDပါတီအဖွဲ့ဝင် ဦးဟန်စိန် နှင့်ငါးဦးတို့လည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ 

          မြေသိမ်းဆည်းခံရသော တောင်သူများ၏ ဆုံးရှုံးမှုအခွင့်အရေးများကို ရှေ့နေ ကိုဖိုးဖြူအား အကူအညီ တောင်းခံ၍ ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း  ဦးဖိုးဖြူ က မဇ္ဈိမ ကိုပြော သည်။

`` မြေသိမ်းဆည်းခံရတဲ့ တောင်သူမိသားစုများရဲ့ ယာမြေများအပြင် သုဿန်မြေနေရာများကိုပါ မချန်လပ်ဘဲ အသိမ်းခံရတာကို ရွာသားတွေက တဆင့်ပြောပြတာကြားရပါတယ်။´´ဟု ရှေနေ ကိုဖိုးဖြူက ပြောသည်။

          တောင်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဆန္ဒဖော်ထုတ်ခွင့်တင်ပြတောင်းဆိုခဲ့ကြောင်း၊ ခွင့်ပြုမိန့် မပေးခဲ့ ကြောင်း၊ ဥပဒေအသစ်ပြဒါန်းချက်တွင် ခွင့်ပြုမိန့်စကားရပ်အားဖျက်သိမ်းပြီးဖြစ်၍ ထောင်ဒဏ်ပြစ်ဒဏ်များ မရှိ တော့ဘဲ အကြောင်းပြန်ကြားညှိနှိုင်းသည့်သဘောမျိုးသာ ရှိတော့ကြောင်း၊ သို့ဖြစ်၍ တောင်သူများ ဆန္ဒဖော်ထုတ် မှုအပေါ် စိုးရိမ်ပူပန်စရာ မလိုကြောင်း၊ ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း၊ ယခုတောင်သူများ၏ နစ်နာ ဆုံးရှုံးမှုများကို မတရားသောဥပဒေများအစား တရားသော ဥပဒေကြောင်းအတိုင်း ဆက်လက်ဆောင်ရွက် ကူညီမည်ဖြစ်ကြောင်း  ရှေနေ  ကိုဖိုးဖြူမှ တက် ရောက်သူများကိုပြောသည်။


          မြေအသိမ်းဆည်းခံ ဆားတိုင်ကန်ကျေးရွာ ဦးမောင်အေးမှ ၎င်းတို့ကျေးရွာရှိ ယာမြေများကို လေယာဉ် ကွင်းအသစ်နှင့်လေတပ်၊ ဆေးတက္ကသိုလ်ကျောင်းအတွက် သိမ်းဆည်းခဲ့စဉ်က  မြေဧကပေါင်း တစ်ထောင် ကျော်ခန့်ရှိခဲ့ကြောင်း၊ လေယာဉ်ကွင်းနေရာ ကွင်းအမှတ်(၁၆၄၆) သိမ်းစဉ်က မြေတစ်ဧက လျော်ကြေး ငါးထောင်ကျပ်၊ ဆေးတက္ကသိုလ် နှင့်လေတပ်ဌာနချုပ်မှ သိမ်းစဉ်က မြေတစ်ဧက လျော်ကြေးငွေကျပ် တစ်သောင်း ငါးထောင် ပေးခဲ့ကြောင်း၊  အခြားရွာများမှ အသိမ်းခံ ယာမြေများအတွက် လျော်ကြေး ငွေများ လုံးဝမရရှိသေးသော ကျေးရွာတောင်သူများလည်း ကျန်ရှိနေပါကြောင်း ဆားတိုင်ကန်ရွာ ဦးမောင်အေး နှင့် လိပ်ကန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်တို့က ပြောကြား၍ မဇ္ဈိမက သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 

0 comments: