``မကွေးမြို့တွင် တရားဥပဒေစိုးမိုးရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ပြုလုပ်´´




မကွေးမြို့၊ ကန်သာရပ်ကွက်၊ မေတ္တာလမ်း၊ ဇဗ္မူရစ်ရွှေမင်္ဂလာခန်းမတွင် ဇွန် ၁၄/၁၅ နှစ်ရက် နံနက် ၉နာရီမှ ညနေ ၄နာရီအချိန်ထိ Justice For All ရှေ့နေများမှ နိုင်ငံရေးပါတီများနှင့် NGO အဖွဲ့များဖြင့် မကွေးမြို့တွင် တရားဥပဒေစိုးမိုးရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ပြုလုပ်ကြောင်း သတင်းရရှိသည်။

          အဆိုပါအဖွဲ့သို့ နိုင်ငံရေးပါတီများနှင့် လူမှုရေးကွန်ယက်အဖွဲ့ဝင်များ လေးဆယ်ကျော်ခန့်တက်ရောက် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း၍ မကွေးမြို့တွင် တရားဥပဒေစိုးမိုးရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ပြုလုပ်ခြင်းမှာ ပထမ အဦးဆုံးကျင်းပပေးခြင်းဖြစ်ကြောင်း၊ Justice For All အဖွဲ့မှ ရှေ့နေများဖြစ်ကြသော ဦးသန်းထိုက်မှ မြန်မာနိုင်ငံ လယ်ယာမြေဥပဒေများရှိလယ်သမားအခွင့်အရေး နှင့် မြန်မာနိုင်ငံ အလုပ်သမား အခွင့်အရေးများကို နံနက်ပိုင်းမှာဟောပြောကြောင်း၊ နေ့လည်ပိုင်းတွင်  ဦးခင်မောင်ဝင်း က  ဖွဲ့စည်းပုံဆိုင်ရာ နိုင်ငံသားအခွင့်အရေးနှိုင်းယှဉ်သုံးသပ်ခြင်း နှင့် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်များ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ) အကြောင်းတို့ကို ဇွန်(၁၄)ရက်တွင်ဟောပြော၍ တက်ရောက်သူများဖြင့် အပြန်အလှန် ဆွေးနွေးကြခြင်းဖြစ် ကြောင်း ဦးကျော်မင်းဇံ နှင့် ဦးမောင်ဒန်တို့က ဇွန်(၁၅)ရက်နေ့တွင် ဆက်လက် ဟောပြောဆွေးနွေးကြမည် ဖြစ်ကြောင်း ပွဲစီစဉ်ပေးသူ ရှေ့နေဦးမြင့်သိန်းက မဇ္ဈိမကို ပြောသည်။

``တောင်သူလယ်သမားအခွင့်အရေးအတွက် မကြောက်ကြပါနဲ့၊ ဘယ်လို ၀န်ထမ်းကိုမှ မကြောက်ကြပါနဲ့၊ ပါးစပ်ပိတ်ပြီးမနေကြပါနဲ့၊ ဥပဒေဘောင်အတွင်းက တောင်းဆိုကြပါ၊ နောက်လိုက်နဲ့ ခေါင်းဆောင် တရားမျှတစွာ ဆောင်ရွက်ကြပါ၊ စိတ်ရှည်ပြီး အပြုသဘောဆောင်ပါ၊ အမှန်တရားသည် နောက်ဆုံးအောင်ပွဲခံ ရမည်´´။ဟု ရှေ့နေ ဦးသန်းထိုက် က ပြောသည်။ 

          တောင်သူလယ်သမားများအခွင့်အရေးအတွက် ပါဝင်သူများ၊ လယ်ယာမြေဆိုတာ၊ မြေအမျိုးမျိုးအသုံးပြုပုံ၊ လိုက်နာရန်စည်းကမ်း၊ မြေလွတ် မြေလပ် မြေရိုင်းများဖွဲ့နှင့် လုပ်ပိုင်ခွင့်၊ လယ်သမားအခွင့်အရေးများ၊ အခွင့် အရေးဖော်ထုတ်ရာတွင် သတိပြုရန်၊ နည်းလမ်းများ၊ ဖြေရှင်းချက်၊ အားနည်းချက်၊ လယ်ယာမြေသိမ်း ယူသော အဖွဲ့ အစည်းနမူနာများ၊ လယ်ယာသိမ်းမှုနှင့်လျော်ကြေး၊ လယ်ယာမြေအသုံးပြုပုံ၊  ဥပဒေစိုးမိုးမှုရှာ ဖွှေခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ(၁)(၂)၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဥပဒေ နှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (၂၀၁၂၊ မတ် ၃၀ ရက်) တို့ကို ရှေ့နေ ဦးသန်းထိုက် က တရားဥပဒေစိုးမိုးရေးကို အလေးထား၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: