မကွေး၊ ၂၀၁၄ ခုနှစ် ၊ ဇွန်လ (၂၄) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၄.၆.၂၀၁၄)ရက်နေ့ နံနက်(၁၀ဝ၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း( ၄ )ကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၁)ဦးမှ ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းတင့်မှ တင်သွင်းသည့် “မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေများတွင် ပါဝင်သော အချို့နည်းဥပဒေပြဋ္ဌဌာန်းချက်များသည် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသဖြင့် ယင်းနည်းဥပဒေများကို ပယ်ဖျက်ရန်၊ ပြင်ဆင်ပေးရန် လွှတ်တော်သို့တိုက်တွန်းကြောင်း”အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူရာ လွှတ်တော်ကအတည်ပြုတဲ့အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌဌက ကြေညာပါသည်။
ဆက်လက်ပြီး ၂၀၁၄ ခုနှစ် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကအသေးစား ငွေချေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းမြိုင်က ဖတ်ကြားတင်ပြပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို (၁၂၂၅)အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) (၁၀ဝ၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
တင်ထွန်းဦး
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia





0 comments:
Post a Comment