``Myanmar Jounlism Insitute (MJI) သတင်းစာပညာသင်ကျောင်း ရန်ကုန်မြို့တွင် ဇူလိုင်(၁၄)ရက်နေ့တွင် စတင်ဖွင့်မည်´´




ရန်ကုန်မြို့၊ ကုန်သည်လမ်း နှင့် ၄၄ လမ်းထောင့်ရှိ Myanmar Media Libeany တွင် ဇွန်(၈)ရက် နံနက်(၁၀)နာရီအချိန်၌ MJI သတင်းစာပညာကျောင်း ဖြစ်မြောက်ရေးကော်မတီအဖွဲ့ Myanmar Jounlism Insitute (MJI) ရန်ကုန်မြို့ သတင်းစာပညာကျောင်းကို ဇူလိုင် ၁၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ရန်ညှိနှိုင်း ပြီးကြောင်း သတင်းရရှိသည်။


          အဆိုပါ MJI သတင်းစာပညာကျောင်းကို ပုဂံအိမ်ယာ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းကြေး တစ်ဦးလျှင် မြန်မာငွေကျပ် နှစ်သိန်းယူ၍ နိုင်ငံတကာအဆင့်မှီ ဒီပလိုမာဘွဲ့ပေး မည်ဖြစ်ကြောင်း၊ သတင်းစာပညာသင်တန်းကျောင်းကို ဆွီဒင်နိုင်ငံအခြေစိုက် FOJO MEDIA INSITUTE ၏ သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားပေးရန် နိုင်ငံခြားသား နည်းပြသုံးဦး နှင့် မြန်မာသင်တန်းဆရာနည်းပြများ ပူးတွဲပို့ချပေး မည်ဖြစ်ကြောင်း၊ ယခုစတင်ဖွင့်လှစ်သင်ကြားမှုကို သင်တန်းကာလ သုံးလသတ်မှတ်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းကြေးမှာ သင်တန်းသား တစ်ဦးလျှင် သုံးလအတွက်  မြန်မာငွေ ခုနှစ်သောင်းကျပ် ဖြင့် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းသားများမှာ ဆယ်တန်းအောင်များ နှင့် လက်ရှိသတင်းလောကမှာ ရေးသားနေ သူများကိုပါ ရွေးချယ်ပေးကြောင်း၊  သင်တန်း ကာလ သုံးလတွင် သင်တန်း သား (၁၅)ဦးလက်ခံ သင်ကြား မည်ဖြစ်ကြောင်း၊ ထူးချွန်သော သင်တန်းသားများကို ပြည်တွင်း၊ ပြည်ပသို့ ပညာသင်စကောလပ်ရှစ်အဖြစ် ပညာတော်သင်ဆုများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့သင်တန်းကျောင်းဖွင့်ပြီးလျှင် မန္တလေးမြို့၌လည်း ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

``ဒီလို သတင်းစာပညာသင်တန်းကျောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ သင်တန်းသားတစ်ဦး တက်ရောက် သင်ကြားရင် သိန်းရှစ်ဆယ်၊ ကိုးဆယ်လောက် အနည်းဆုံး ကုန်ပါတယ်။´´ ဟု ဆရာ စည်သူအောင်မြင့် က ပြောကြားသည်။
          အဆိုပါသင်တန်းကို ဂျာမနီနိုင်ငံမှ Deutche Welle Akademie၊ ဒိန်းမတ်နိုင်ငံမှ IMS (International Media Support)၊ ဆွီဒင်နိုင်ငံမှ Fojo Media Institute၊ Forever Group၊ UNIESCO ၊ Canal France International အဖွဲ့အစည်းမျာက ပံ့ပိုကူညီထားခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ကျော် မှ ပြောသည်။


ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 

0 comments: